သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ငြိမ်းချမ်းစွာ ဆန္ဒပြသူ အီရန်ဖမ်းဆီးမှု ကန်ရှုတ်ချ


ကုန်ဈေးနှုန်းအဆမတန်တက်မှု ကြောင့် လူထုဆန္ဒပြ

အီရန်နိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ဖမ်းဆီးတဲ့အပေါ် အမေရိကန်နိုင်ငံခြားရေးဌာနက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ နိုင်ငံ ရဲ့ စီးပွားရေးအကျပ်အတည်းပေါ် အီရန်မြို့ကြီးတွေမှာ လွန်ခဲ့တဲ့နှစ်ရက်ကဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကနေ လူပေါင်း ၅၀ ကျော် အဖမ်းခံထားရတယ်ဆိုတဲ့ သတင်းတွေက ထွက်ထားတာပါ။

နိုင်ငံတ၀န်းကမြို့ကြီးတွေမှာ အီရန်နိုင်ငံသားတွေရဲ့ ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေအကြောင်း သတင်းတွေ စောင့်ကြည့်နေတယ်လို့ နိုင်ငံခြားရေးဌာနရဲ့ သောကြာနေ့ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

သမိုင်းကြောင်းနဲ့ယဉ်ကျေးမှုခိုင်မာတဲ့ ချမ်းသာတဲ့နိုင်ငံတခုကို စီးပွားရေးဆုတ်ယုတ်ကျဆင်းတဲ့ နိုင်ငံဆိုးတခုဖြစ်သွားအောင် အီရန်ခေါင်းဆောင်တွေက လုပ်ပစ်လိုက်ကြပါတယ်၊ နိုင်ငံရဲ့ အဓိကတင်ပို့ကုန်တွေဟာ အကြမ်းဖက်မှု၊ သွေးထွက်သံယိုမှုနဲ့ ပရမ်းပတာအခြေအနေတွေပဲ ဖြစ်ပါတယ်လို့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။

အီရန်ခေါင်းဆောင်တွေရဲ့ဒဏ်ကို အရှည်ကြာဆုံး ခံစားကြရသူတွေဟာ အီရန်နိုင်ငံရဲ့ လူထုပဲဖြစ်တယ်ဆိုတဲ့ သမ္မတ ဒေါ်နယ်လ်ဒ်ထရမ့်ပ်ရဲ့ စကားကို ထုတ်ပြန်ချက်မှာ ကိုးကားဖော်ပြထားပါတ်ယ။

အီရန်လူထု၊ သူတို့ရဲ့ အခြေခံအခွင့်အရေးနဲ့ အကျင့်ပျက်ခြစားမှု အဆုံးသတ်ရေး တောင်းဆိုချက်တွေကို နိုင်ငံအားလုံးက လူသိ ရှင်ကြား ထောက်ခံကြဖို့လဲ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

အီရန်လူထုကို အလေးအနက် ထောက်ခံတယ်ဆိုတာ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson က ထပ်လောင်း ပြောဆိုပါတယ်လို့လဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG