သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရန္မွာ ဆႏၵျပသူေတြအေပၚ ႏွိမ္နင္းမႈေတြ အရွိန္ျမႇင့္ 


Iran Anatomy of Protest

အီရန္မွာ ေခါင္းစည္းပုဝါ စည္းကမ္းတက် မျခံဳမႈနဲ႔ အဖမ္းခံခဲ့ရတဲ့ အသက္ ၂၂ ႏွစ္အရြယ္ Mahsa Amini ရဲလက္တြင္းေသဆံုးခဲ့ရတာနဲ႔ ပတ္သက္ၿပီး ကန္႔ကြက္ ဆႏၵျပသူေတြကို အီရန္အစိုးရက အဂၤါေန႔က ျပင္းျပင္းထန္ထန္ ႏွိမ္နင္းခဲ့ပါတယ္။  

အီရန္မွာ ဆႏၵျပသူေတြအေပၚ ႏွိမ္နင္းမႈေတြ အရွိန္ျမႇင့္

{{Zawgyi/Unicode}}
အီရန္မွာ ေခါင္းစည္းပုဝါ စည္းကမ္းတက် မျခံဳမႈနဲ႔ အဖမ္းခံခဲ့ရတဲ့ အသက္ ၂၂ ႏွစ္အရြယ္ Mahsa Amini ရဲလက္တြင္းေသဆံုးခဲ့ရတာနဲ႔ ပတ္သက္ၿပီး ကန္႔ကြက္ ဆႏၵျပသူေတြကို အီရန္အစိုးရက အဂၤါေန႔က ျပင္းျပင္းထန္ထန္ ႏွိမ္နင္းခဲ့ပါတယ္။

လူမႈမီဒီယာေတြမွာေတာ့ အီရန္အာဏာပိုင္ေတြက Kurd ေဒသက ဆႏၵျပသူေတြကို ႏွိမ္နင္းဖို႔ သံခ်ပ္ကာ ကားေတြ ေစလႊတ္ေနတဲ့ ပံုေတြျပသထားပါတယ္။ တဟီရန္အေနာက္ဖက္ မိုင္ ၂၅၀ ေလာက္အကြာက Kurdistan ျပည္နယ္ရဲ႕ ၿမိဳ႕ေတာ္ Sanandai မွာေတာ့ အဓိက႐ုန္ႏွိမ္နင္းေရး ရဲေတြက ပစ္ခတ္ခဲ့ပါတယ္။ Hengaw လူ႔အခြင့္ေရးအဖြဲ႔ရဲ႕ စာမ်က္ႏွာ မွာေတာ့ ေမွာင္ေနတဲ့ လမ္းေတြမွာ ေသနတ္နဲ႔ ပစ္ခတ္တာနဲ႔ မီးေလာင္ေနတာေတြကို ျပတဲ့ ဗီဒီယိုကို တင္ထားပါတယ္။

အီရန္ႏိုင္ငံတလႊား ဆႏၵျပမႈေတြ ဆက္လက္ျဖစ္ပြါးေနသလို ၿမိဳ႕ေတာ္ တဟီရန္မွာလည္း တနလၤာေန႔က ေခါင္းစည္းပုဝါ မပါပဲ ဆႏၵျပခ်ီတက္ေနတဲ့ အမ်ဳိးသမီးေတြ မိန္းခေလးေတြကို ေတြ႕ေနရပါတယ္။

Amini ေသဆံုးမႈေၾကာင့္ ဆႏၵျပေနၾကတာ အခုဆို သီတင္း ၄ ပတ္ထဲ ေရာက္လာၿပီျဖစ္ၿပီး ၂၀၀၉ ခုႏွစ္ အစိမ္းေရာင္ လႈပ္ရွားမႈၿပီးကတည္းက ဆိုရင္ေတာ့ ဒီဆႏၵျပမႈဟာ အီရန္ရဲ႕ ဘာသာေရးစည္းမ်ဥ္းဆိုင္ရာ အတြက္ အႀကီးဆံုးစိန္ေခၚမႈ ႀကီးတခု ျဖစ္ေနတာပါ။ Amini ဟာ Kurds လူမ်ိဳးျဖစ္ၿပီး အီရန္ႏိုင္ငံရဲ႕ Kurd ေဒသမွာ သူ႔ေသဆံုးမႈအေပၚ ဆႏၵျပမႈကို စက္တင္ဘာ ၁၇ ရက္ေန႔ သူ႔စ်ာပနက်င္းပ ခ်ိန္ကတည္းက စတင္ခဲ့တာ ျဖစ္ပါတယ္။

အီရန္လံုျခံဳေရးေတြက လူထုကို ေသနတ္ေတြ မ်က္ရည္ယိုဗံုးေတြနဲ႔ ပစ္ခတ္တယ္လို႔ Amnesty International လူ႔အခြင့္ေရးအဖြဲ႔က ေျပာဆိုေပမယ့္ အီရန္အာဏာပိုင္ေတြကေတာ့ ဒါကို ျငင္းဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

.......................................

အီရန်မှာ ဆန္ဒပြသူတွေအပေါ် နှိမ်နင်းမှုတွေ အရှိန်မြှင့်

{{Zawgyi/Unicode}}
အီရန်မှာ ခေါင်းစည်းပုဝါ စည်းကမ်းတကျ မခြုံမှုနဲ့ အဖမ်းခံခဲ့ရတဲ့ အသက် ၂၂ နှစ်အရွယ် Mahsa Amini ရဲလက်တွင်းသေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ကန့်ကွက် ဆန္ဒပြသူတွေကို အီရန်အစိုးရက အင်္ဂါနေ့က ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ပါတယ်။

လူမှုမီဒီယာတွေမှာတော့ အီရန်အာဏာပိုင်တွေက Kurd ဒေသက ဆန္ဒပြသူတွေကို နှိမ်နင်းဖို့ သံချပ်ကာ ကားတွေ စေလွှတ်နေတဲ့ ပုံတွေပြသထားပါတယ်။ တဟီရန်အနောက်ဖက် မိုင် ၂၅၀ လောက်အကွာက Kurdistan ပြည်နယ်ရဲ့ မြို့တော် Sanandai မှာတော့ အဓိကရုန်နှိမ်နင်းရေး ရဲတွေက ပစ်ခတ်ခဲ့ပါတယ်။ Hengaw လူ့အခွင့်ရေးအဖွဲ့ရဲ့ စာမျက်နှာ မှာတော့ မှောင်နေတဲ့ လမ်းတွေမှာ သေနတ်နဲ့ ပစ်ခတ်တာနဲ့ မီးလောင်နေတာတွေကို ပြတဲ့ ဗီဒီယိုကို တင်ထားပါတယ်။

အီရန်နိုင်ငံတလွှား ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွါးနေသလို မြို့တော် တဟီရန်မှာလည်း တနင်္လာနေ့က ခေါင်းစည်းပုဝါ မပါပဲ ဆန္ဒပြချီတက်နေတဲ့ အမျိုးသမီးတွေ မိန်းခလေးတွေကို တွေ့နေရပါတယ်။

Amini သေဆုံးမှုကြောင့် ဆန္ဒပြနေကြတာ အခုဆို သီတင်း ၄ ပတ်ထဲ ရောက်လာပြီဖြစ်ပြီး ၂၀၀၉ ခုနှစ် အစိမ်းရောင် လှုပ်ရှားမှုပြီးကတည်းက ဆိုရင်တော့ ဒီဆန္ဒပြမှုဟာ အီရန်ရဲ့ ဘာသာရေးစည်းမျဉ်းဆိုင်ရာ အတွက် အကြီးဆုံးစိန်ခေါ်မှု ကြီးတခု ဖြစ်နေတာပါ။ Amini ဟာ Kurds လူမျိုးဖြစ်ပြီး အီရန်နိုင်ငံရဲ့ Kurd ဒေသမှာ သူ့သေဆုံးမှုအပေါ် ဆန္ဒပြမှုကို စက်တင်ဘာ ၁၇ ရက်နေ့ သူ့ဈာပနကျင်းပ ချိန်ကတည်းက စတင်ခဲ့တာ ဖြစ်ပါတယ်။

အီရန်လုံခြုံရေးတွေက လူထုကို သေနတ်တွေ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်တယ်လို့ Amnesty International လူ့အခွင့်ရေးအဖွဲ့က ပြောဆိုပေမယ့် အီရန်အာဏာပိုင်တွေကတော့ ဒါကို ငြင်းဆိုပါတယ်။

XS
SM
MD
LG