သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အခြေစိုက် ရုရှားလေကြောင်း စစ်ဆင်ရေးတွေ ပြီးဆုံးကြောင်း အီရန်ကြေညာ


ဆီးရီးယားနိုင်ငံထဲက စစ်သွေးကြွတွေကို အီရန်မှာအခြေစိုက်ထားတဲ့ ရုရှားတပ်တွေက ဗုံးကြဲ တိုက်ခိုက်နေတာ တပတ်လောက်ပဲ ရှိသေးတဲ့ အချိန်မှာပဲ ဒီတိုက်ခိုက်မှုတွေ ပြီးဆုံးသွားပြီလို့ အီရန်နိုင်ငံက တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။ "ရုရှားဟာ အီရန်ပိုင်နက်ထဲကနေ သူ့ရဲ့ လေကြောင်း တိုက်ခိုက်မှုစွမ်းရည်ကို တပါးသူ အထင်ကြီးအောင် ၊ လူကြီးလူကောင်း မဆန်စွာ လုပ်ပြနေတယ် ”လို့ အီရန်ကာကွယ်ရေးဝန်ကြီးက အပြင်းအထန် ဝေဖန်လိုက်ပါတယ်။

ဒီပြောဆိုမှုဟာ ကတောက်ကဆဖြစ်ရာက စိတ်ဆိုးလို့ပြောတာမျိုးလား ဒါမှမဟုတ်- ဆီးရီးယားမှာရှိတဲ့ IS တွေကို တိုက်နေတဲ့ကိစ္စမှာ အီရန်နဲ့ ရုရှားတို့က ဘယ်လို ဆက်လက်ကူညီသွားမလဲဆိုတဲ့ မဟာဗျူဟာ အပြောင်းအလဲတွေ ဖြစ်လာစေမှာလား ဆိုတဲ့မေးခွန်းတွေ ထွက်ပေါ်စေပါတယ်။

“ရုရှားရဲ့လေကြောင်း တိုက်ခိုက်မှုတွေ ပြီးဆုံးသွားပါပြီ၊ လောလောဆယ်အတွက် ပြီးသွားပြီလို့” အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Bahram Ghasemi က ဒီသတင်းကို တီဟီရန်မြို့မှာ တရားဝင်ကြေညာခဲ့တာပါ။ အီရန်ရဲ့အခုလို ပြောဆိုချက်နဲ့ ပတ်သက်လို့ ရုရှားဖက်က တနင်္လာနေ့မှာ တရားဝင်တုန့်ပြန်တာမျိုး မရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG