သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရန္ ခရီးသြားလုပ္ငန္း ဒီႏွစ္ထဲ သိသိသာသာ ထိခိုက္


Golestan IRan Tourism

အီရန္ႏိုင္ငံရဲ႕ လက္ရွိ ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ ကမာၻလွည့္ ခရီးသြားလုပ္ငန္း သိသိသာသာ ထိခိုက္လာေနပါတယ္။ ဥေရာပ၊ အေမရိကနဲ႔ အာရွႏိုင္ငံေတြက ခရီးသြားေတြရဲ႕ ခရီးစဥ္ ၈၅ % ေက်ာ္ ျပန္ဖ်က္သြားၾကတယ္လို႔ အီရန္ ဟိုတယ္လုပ္ငန္းရွင္မ်ား အဖြဲ႔အႀကီးအကဲ Jamshid Hamzezadeh က အီရန္အစိုးရ တစိတ္တပိုင္းပိုင္ ILNA သတင္းဌာနကို ေျပာပါတယ္။

အီရန္ႏိုင္ငံကို ခရီးမသြားၾကဖို႔နဲ႔ အီရန္မွာ ေရာက္ေနၾကတဲ့သူေတြဆိုရင္လည္း အဲ့ဒီကေန ထြက္ခြာဖို႔ ၿပီးခဲ့တဲ့လပိုင္းေတြကစလို႔ ႏိုင္ငံတခ်ိဳ႕က သူတို႔ရဲ႕ ႏိုင္ငံသားေတြကို သတိေပးထားပါတယ္။ တခ်ိန္တည္းမွာ အီရန္အစိုးရက ႏိုင္ငံျခားသား အေတာ္မ်ားမ်ားကို ဘာစြပ္စြဲခ်က္ဆိုတာ မေျပာဘဲ ဖမ္းဆီးတာေတြ ရွိေနတာေၾကာင့္ ကမာၻလွည့္ခရီးသြားေတြ အီရန္ကိုသြားဖို႔ ႏွစ္ခါျပန္ စဥ္းစားရတဲ့ အေျခအေနေတြေၾကာင့္လည္း အီရန္ရဲ႕ ခရီးသြားလုပ္ငန္း သိသိသာသာ ထိခိုက္လာေနတာပါ။

အီရန္မွာ ၂၀၁၈ ခုႏွစ္ကစလို႔ ေရႀကီးေရလွ်ံတာလို႔ သဘာဝေဘး ႀကဳံရတာအျပင္ ေလာင္စာဆီေစ်း တက္တာနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္မႈေတြေၾကာင့္ ႏိုင္ငံရဲ႕ ဟိုတယ္ဝန္ေဆာင္မႈလုပ္ငန္းေတြ အခက္အခဲ ႀကံဳေနရတာ ျဖစ္တယ္လို႔ Hamzezadeh က ေျပာပါတယ္။ ဟိုတယ္နဲ႔ ခရီးသြားလုပ္ငန္း လုပ္ကိုင္သူ အမ်ားစု အရွံဳးခံ လည္ပတ္ေနၾကရၿပီး တခ်ိဳ႕လုပ္ငန္းေတြမွာ ဝန္ထမ္းေတြကို လစာမေပးႏိုင္တဲ့အထိ အခက္အခဲ ႀကံဳေနရတယ္လို႔လည္း သူက ေျပာပါတယ္။

အီရန္ကို လာေရာက္တဲ့ ခရီးသြားဧည့္သည္ အေရအတြက္ဟာ ၅၀ % ေလာက္ က်ဆင္းသြားတယ္လို႔ တည္းခိုေဆာင္ လုပ္ငန္းမ်ားဆိုင္ရာ သမဂၢ အႀကီးအကဲ Shahrokh Mohammadzadeh ကလည္း ေျပာပါတယ္။

===== Unicode =====

အီရန်နိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေတွေကြောင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း သိသိသာသာ ထိခိုက်လာနေပါတယ်။ ဥရောပ၊ အမေရိကနဲ့ အာရှနိုင်ငံတွေက ခရီးသွားတွေရဲ့ ခရီးစဉ် ၈၅ % ကျော် ပြန်ဖျက်သွားကြတယ်လို့ အီရန် ဟိုတယ်လုပ်ငန်းရှင်များ အဖွဲ့အကြီးအကဲ Jamshid Hamzezadeh က အီရန်အစိုးရ တစိတ်တပိုင်းပိုင် ILNA သတင်းဌာနကို ပြောပါတယ်။

အီရန်နိုင်ငံကို ခရီးမသွားကြဖို့နဲ့ အီရန်မှာ ရောက်နေကြတဲ့သူတွေဆိုရင်လည်း အဲ့ဒီကနေ ထွက်ခွာဖို့ ပြီးခဲ့တဲ့လပိုင်းတွေကစလို့ နိုင်ငံတချို့က သူတို့ရဲ့ နိုင်ငံသားတွေကို သတိပေးထားပါတယ်။ တချိန်တည်းမှာ အီရန်အစိုးရက နိုင်ငံခြားသား အတော်များများကို ဘာစွပ်စွဲချက်ဆိုတာ မပြောဘဲ ဖမ်းဆီးတာတွေ ရှိနေတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ အီရန်ကိုသွားဖို့ နှစ်ခါပြန် စဉ်းစားရတဲ့ အခြေအနေတွေကြောင့်လည်း အီရန်ရဲ့ ခရီးသွားလုပ်ငန်း သိသိသာသာ ထိခိုက်လာနေတာပါ။

အီရန်မှာ ၂၀၁၈ ခုနှစ်ကစလို့ ရေကြီးရေလျှံတာလို့ သဘာဝဘေး ကြုံရတာအပြင် လောင်စာဆီဈေး တက်တာနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေကြောင့် နိုင်ငံရဲ့ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းတွေ အခက်အခဲ ကြုံနေရတာ ဖြစ်တယ်လို့ Hamzezadeh က ပြောပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူ အများစု အရှုံးခံ လည်ပတ်နေကြရပြီး တချို့လုပ်ငန်းတွေမှာ ဝန်ထမ်းတွေကို လစာမပေးနိုင်တဲ့အထိ အခက်အခဲ ကြုံနေရတယ်လို့လည်း သူက ပြောပါတယ်။

အီရန်ကို လာရောက်တဲ့ ခရီးသွားဧည့်သည် အရေအတွက်ဟာ ၅၀ % လောက် ကျဆင်းသွားတယ်လို့ တည်းခိုဆောင် လုပ်ငန်းများဆိုင်ရာ သမဂ္ဂ အကြီးအကဲ Shahrokh Mohammadzadeh ကလည်း ပြောပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG