သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်မှာ အမျိုးသမီးတွေ ခေါင်းစည်းပုဝါခြုံရမယ့် စည်းကမ်းသစ် ဆန့်ကျင်မှုတွေနဲ့ကြုံ


Iranian Women without hijab in different cities in Iran
Iranian Women without hijab in different cities in Iran

အီရန်နိုင်ငံမှာ အမျိုးသမီးတွေ လူမြင်ကွင်းမှာ ခေါင်းစည်းပုဝါခြုံရမယ့် စည်းကမ်းကို လိုက်နာမှုရှိမရှိ စောင့်ကြည့်တဲ့ အစီအစဉ်သစ်ဟာ ဆန့်ကျင်မှုတွေနဲ့ ကြုံနေရပါတယ်။ စည်းကမ်းသစ်ကို အမျိုးသမီးတွေ တော်တော်များများက မလိုက်နာကြသလို၊ ရှေ့နေတွေရဲ့ ဝေဖန်မှုတွေ တက်ကြွလှုပ်ရှားသူတွေက ချေဖျက်ဖို့ ကြိုးစားမှုတွေလည်း ရှိနေတာပါ။

အစီအစဉ်သစ်ကို ဧပြီလ ၁၅ ရက်နေ့မှာ စတင်ကြောင်း နိုင်ငံပိုင် သတင်းက ကြေညာထားပါတယ်။ ဒီမတိုင်ခင် တပတ်မှာပဲ အစ္စလာမ်ဘာသာနဲ့အညီ အများပြည်သူသွားလာရာနေရာတွေမှာ အမျိုးသမီးတွေ ခေါင်းစည်းပုဝါခြုံဖို့ အမိန့်အတိုင်း လိုက်နာမှု ရှိမရှိ၊ လမ်းတွေပေါ်က လုံခြုံရေးကင်မရာတွေ အပါအဝင် စောင့်ကြည့်တဲ့ အစီအစဉ်တွေကို အဆင့်မြှင့်ထားကြောင်း အီရန်ရဲတပ်ဖွဲ့အကြီးအကဲ Ahmad Reza Radan က ပြောဆိုထားတာပါ။

အစီအစဉ်သစ်နဲ့ ပတ်သက်လို့ သရုပ်ဖော် ပြသတဲ့ ဗွီဒီယိုတခုကိုလည်း နိုင်ငံပိုင် Tasnim သတင်းဌာနက တနင်္လာနေ့မှာပဲ ပြသခဲ့ပါတယ်။ ကားထဲမှာ ခေါင်းစည်းပုဝါ မခြုံတဲ့ အမျိုးသမီးတွေကို ကင်မရာမှာ တွေ့တယ်ဆိုရင် ရဲတွေက တယ်လီဖုန်းကနေ စာသားနဲ့ သတိပေးမှာဖြစ်ပြီး၊ သတိပေးချက်အတိုင်း မလိုက်နာရင် ကားကိုသိမ်းဆည်းမှာ ဖြစ်ကြောင်းလည်း သတင်းကဖော်ပြပါတယ်။
ယာဉ်စည်းကမ်း မလိုက်နာတဲ့သူတွေကို စောင့်ကြည့်တဲ့ ကင်မရာတွေ တပ်ဆင်ထားတဲ့ အီရန်နိုင်ငံမှာ အမျိုးသမီးတွေ ခေါင်းစည်းပုဝါခြုံရမယ့် စည်းကမ်းကို လိုက်နာမှုရှိမရှိ စောင့်ကြည့်ဖို့ ကင်မရာတွေသစ်တွေ ဘယ်လောက်များများ တပ်ဆင်ထားတယ်၊ ဘယ်နေရာတွေမှာ တပ်ထားတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ အမျိုးသမီး တော်တော်များများကတော့ ဥပဒေသစ်ကို လိုက်နာမှု မရှိတာတွေ့ရသလို၊ ထင်ရှားတဲ့ ဥပဒေပညာရှင် တချို့ကလည်း မလုပ်သင့်တဲ့ အစီအစဉ်ဖြစ်သလို ဥပဒေနဲ့ မညီကြောင်းလည်း ဝေဖန်ခဲ့ကြတာပါ။

XS
SM
MD
LG