သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ရေနံ ဥရောပသမဂ္ဂ သပိတ်မှောက်မည်


အီရန်ရေနံ ဥရောပသမဂ္ဂ သပိတ်မှောက်မည်
အီရန်ရေနံ ဥရောပသမဂ္ဂ သပိတ်မှောက်မည်

အီရန်နိုင်ငံကနေ ရေနံတင်သွင်းတာကို ပိတ်ပင်ပစ်ဖို့ ဥရောပသမဂ္ဂ EU အစိုးရတွေ သဘော တူလိုက်ကြပါတယ်။ အီရန်နိုင်ငံရဲ့ အငြင်းပွားဖွယ် နျူကလီးယား အစီအစဉ်အပေါ် ဖိအားပေးဖို့ အနောက်နိုင်ငံတွေ ကြိုးပမ်းနေကြတာရဲ့ တစိတ်တပိုင်းအဖြစ် အခုလို သဘောတူလိုက်ကြတာပါ။

အီရန်ရေနံကို ပိတ်ပင်ဖို့ ၂၇ နိုင်ငံပါ အီးယူက မူအားဖြင့် သဘောတူထားပြီလို့ အီးယူ သံတမန်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ ဒါပေမဲ့လည်း ဘယ်တော့ စပြီး အကောင်အထည် ဖော်မလဲဆိုတာကို ဆွေးနွေးဖို့ အချိန် ထပ်လိုတယ်လို့ ပြောပါတယ်။ စပြီး ပိတ်ပင်မယ့်ရက်ကို ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ကျင်းပမယ့် အစည်းအဝေးတခုမှာ အီးယူ နိုင်ငံခြားရေးဝန်ကြီးတွေ သတ်မှတ်ကြဖို့ ပြင်သစ်က ဖြစ်စေချင်နေပါတယ်။

အီရန်နိုင်ငံဟာ အရပ်ဘက်စွမ်းအင် အစီအစဉ်တခုအဖြစ် ဖုံးကွယ်ပြီး နျူကလီးယား လက်နက်ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ အနောက်နိုင်ငံတွေက အီရန်ကို စွပ်စွဲထားပါတယ်။ အီရန်ကတော့ ဒါကို ငြင်းထားပါတယ်။

အီရန်ကနေ ရေနံတင်ပို့တာကို ပိတ်ပစ်ဖို့ အီးယူက သဘောတူလိုက်တာကို အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယား နူးလန်း (Victoria Nuland) က ကြိုဆိုပါတယ်။ အီရန်နိုင်ငံအပေါ် စီးပွားရေးအရ ဆက်ပြီး တင်းတင်းကျပ်ကျပ် ဖိအားပေးနိုင်ဖို့ တခြားနိုင်ငံ တွေကလည်း အလားတူ လုပ်ဆောင်ပါလို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ အီရန်ကနေ ရေနံအများဆုံး ဝယ်ယူနေတဲ့ နိုင်ငံဖြစ်ပါတယ်။

XS
SM
MD
LG