သုံးရလွယ်ကူစေသည့် Link များ

အီရန်နဲ့ သံတမန် ဆက်ဆံရေး ဆော်ဒီ ဖြတ်တောက်


ရှီယားဘာသာရေးခေါင်းဆောင် Sheikh Nimr al-Nimr ကို ဆော်ဒီ အစိုးရက ကွပ်မျက်လိုက်တဲ့အပေါ် ဒေါသထွက်နေကြတဲ့ အီရန်နိုင်ငံသားများ။

အထင်ကရ ရှီယားဘာသာရေးခေါင်းဆောင် Sheikh Nimr al-Nimr ကို ဆော်ဒီအာရေးဗီးယား အစိုးရက ကွပ်မျက်လိုက်တဲ့အပေါ် ဒေါသထွက်နေကြတဲ့ အီရန်နိုင်ငံသားတွေက မြို့တော် တီဟီရန်မှာရှိတဲ့ ဆော်ဒီသံရုံးကို ၀င်ရောက်တိုက်ခိုက်ပြီး တရက်မပြည့်ခင်မှာပဲ ဆော်ဒီအာရေးဗီးယားက အီရန်နဲ့ သံတမန်အဆက်အသွယ် ဖြတ်တောက်လိုက်ပြီ ဖြစ်ပါတယ်။

သံတမန် ဆက်ဆံရေး ဖြတ်တောက်လိုက်တဲ့အကြောင်း ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး Adel al-Jubeir က တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ကြေညာလိုက်တာဖြစ်ပြီး အီရန်သံတမန်တွေအနေနဲ့ ၄၈ နာရီအတွင်း ဆော်ဒီနိုင်ငံထဲက ထွက်ခွာသွားကြဖို့ ပြောကြားလိုက်ပါတယ်။ ဆော်ဒီအာရေးဗီးယားနိုင်ငံရဲ့ လုံခြုံရေးကို ထိပါးစေမယ့် အီရန်နိုင်ငံရဲ့ လုပ်ဆောင်မှုတွေကို ဆူနီးဘာသာဝင် အများစုနေထိုင်တဲ့ ဆော်ဒီဘုရင့်နိုင်ငံအနေနဲ့ ခွင့်ပြုမှာမဟုတ်ဘူးလို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အာဏာရ ဆော်ဒီတော်ဝင်မိသားစုကို ဝေဖန် ပြောဆိုလေ့ရှိတဲ့ အထင်ကရ ရှီယားဘာသာရေးခေါင်းဆောင် Sheikh Nimr al-Nimr ကို ကွပ်မျက်လိုက်တဲ့အကြောင်း ကြေညာပြီး မကြာခင်မှာပဲ ဒေသတွင်းမှာ စနေနေ့ကစလို့ သံတမန်ရေးဆိုင်ရာ ပဋိပက္ခတွေ အလျင်အမြန် ဆိုးရွားလာနေခဲ့တာ ဖြစ်ပါတယ်။

Nimr ဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှုအပါအ၀င် တခြားစွဲဆိုချက်တွေနဲ့ ၂၀၁၄ ခုနှစ်က စီရင်ချက်ချမှတ်ခံခဲ့ရတာ ဖြစ်ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံ အရှေ့ပိုင်းမှာ ၂၀၁၁ ခုနှစ် အစောပိုင်းက ဖြစ်သွားခဲ့တဲ့ ဆန္ဒပြမှုတွေရဲ့ အဓိက ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

ရှီယား ဘာသာရေး ခေါင်းဆောင် Nimr နဲ့ တခြား ၄၆ ဦးကို ဆော်ဒီအာရေးဗျ နိုင်ငံက စနေနေ့မှာ သေဒဏ်ပေးခဲ့တာကြောင့် နိုင်ငံတကာအသိုင်းဝိုင်းက အမျက်ဒေါသထွက်ခဲ့ကြပြီး တော်ဝင်မိသားစုအပေါ် တန်မြန် အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်နိုင်တယ်ဆိုတဲ့ သတိပေးပြောဆိုမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

Nimr ဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှုအပါအ၀င် တခြားစွဲဆိုချက်တွေနဲ့ ၂၀၁၄ ခုနှစ်က စီရင်ချက်ချမှတ်ခံခဲ့ရတာ ဖြစ်ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံ အရှေ့ပိုင်းမှာ ၂၀၁၁ ခုနှစ် အစောပိုင်းက ဖြစ်သွားခဲ့တဲ့ ဆန္ဒပြမှုတွေရဲ့ အဓိက ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG