သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်မှာ မိန်းကလေးကျောင်းတွေ အဆိပ်ခတ်မှုနဲ့ မသင်္ကာသူ ၁၀၀ ကျော်ကိုဖမ်းဆီး


Serial Poisoning of Schoolgirls in Iran
Serial Poisoning of Schoolgirls in Iran


အီရန်နိုင်ငံမှာ ကျောင်းသူထောင်နဲ့ချီပြီး အဆိပ်သင့်ခဲ့ရတာနဲ့ ပတ်သက်ပြီးတော့ လူ ၁၀၀ ကျော်ကို နိုင်ငံတဝန်းမှာ ဖမ်းဆီးလိုက်တယ်လို့ အီရန်နိုင်ငံက ကြေညာလိုက်ပါတယ်။ အဲဒီဖမ်းဆီးလိုက်တဲ့သူတွေဟာ ရန်ပြုလိုတဲ့အုပ်စုတွေနဲ့ ဆက်စပ်နိုင်တယ်လို့လည်း ပြောလိုက်ပါတယ်။

ကျောင်း ၂၀၀ ကျော်မှာ ဖြစ်ခဲ့တဲ့ ဒီသံသယဖြစ်စရာအဆိပ်ခတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးတာတွေ လုပ်ခဲ့တယ်လို့ အီရန်ပြည်ထဲရေးဝန်ကြီးက ကြေငြာလိုက်တယ်လို့ အီရန်အစိုးရရုပ်သံ IRNA က စနေနေ့နှောင်းပိုင်းမှာ ဖော်ပြပါတယ်။ ကျောင်းတွေမှာ မကြာသေးခင်က ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့သူ ၁၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ပြီး အဲဒီလူတွေကို ဖမ်းဆီးပြီးတော့ စုံစမ်းစစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ ပြောထားတယ်လို့ IRNA က ပြောပါတယ်။

ဖမ်းဆီးလိုက်တဲ့သူတွေထဲမှာ လူတွေနဲ့ ကျောင်းသားကျောင်းသူတွေ ကြောက်ပြီးတော့ ကျောင်းတွေပိတ်အောင်လုပ်ဖို့ ရည်ရွယ်တဲ့သူတွေ ပါဝင်တယ်လို့ ပြောပါတယ်။ ဒါပေမဲ ပြီးခဲ့တဲ့တပတ်ကစပြီး ကျောင်းတွေမှာ ဒီလိုမျိုးအဆိပ်သင့်တာတွေ သိသိသာသာ လျှော့နည်းသွားပြီး နေမကောင်းဖြစ်တဲ့သူလည်း မရှိတော့ဘူးလို့ အီရန်ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

နိုဝင်ဘာလနှောင်းပိုင်းကစပြီး ကျောင်းပုရဝုဏ်တွေအတွင်းမှာ ဆိုးရွားတဲ့အနံအသက်တွေရပြီး ဖြစ်လာခဲ့တဲ့ ဒီလိုအဆိပ်သင့်မှုတွေကြောင့် ကျောင်းသူတွေ မူးမေ့တာ၊ အော့အန်တာ၊ အသက်ရှုမဝတာ နဲ့ တခြားရောဂါလက္ခဏာတွေကို ခံစားခဲ့ရပြီး တချို့တွေကတော့ ဆေးရုံတက်တဲ့အထိ ဖြစ်ခဲ့ရတာပါ။

==== Unicode ====





XS
SM
MD
LG