သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး အဝေးထိန်း ထောက်လှမ်းရေး လေယာဉ် အီရန်ပစ်ချ


အီရန်ဘက်က ပစ်လွှတ်နေတဲ့ ဒုံးကျည်တစင်း
အီရန်ဘက်က ပစ်လွှတ်နေတဲ့ ဒုံးကျည်တစင်း

အီရန်နိုင်ငံ၊ နာတန့်ဇ် (Natanz) မြို့က ပင်မ နျူကလီယားသန့်စင်စက်ရုံနားကို ကပ်လာတဲ့ အစ္စရေးရဲ့ ထောက်လှမ်းရေး အဝေးထိန်းဒုံးယာဉ်ကို ပစ်ချလိုက်တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ်က ပြောပါတယ်။ ရေဒါအောက်ကနေ ပျံသန်းနိုင်တဲ့ Stealth drone ယာဉ်ကို မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်နဲ့ ချိန်ရွယ်ထားခဲ့ပြီး တီဟီရန်မြို့တော်ကနေ မိုင် ၁၉၀ နီးပါး အကွာလောက်မှာ တည်ရှိတဲ့ နျူကလီယားစက်ရုံ တားမြစ်နယ်မြေကို မဝင်ရောက်ခင်မှာ ပစ်ချလိုက်တာလို့ အီရန်တပ်ဖွဲ့တွေက ပြောပါတယ်။

ဘယ်အချိန်မှာ ပစ်ချလိုက်တာလဲ၊ အဲဒီ မောင်းသူမဲ့ယာဉ်ဟာ အစ္စရေးရဲ့ယာဉ်ဆိုတာ ဘယ်လို သိသလဲဆိုတာတွေ ကြေညာချက်မှာ ဘာမှ ပြောမထားပါဘူး။ အစ္စရေးကတော့ ဒီလိုမျိုး နိုင်ငံခြားက သတင်းတရပ်ကို ဘာမှ မှတ်ချက်မပေးနိုင်ဘူးလို့ ပြောပါတယ်။ နာတန့်ဇ် နျူကလီယားစက်ရုံမှာက ယူရေနီယံသတ္တု သန့်စင်ဖို့အတွက် ဗဟိုခွာအားစက် ၁၆,၀၀၀ ကျော် တပ်ဆင်ထားတာ ဖြစ်ပါတယ်။

အီရန်နိုင်ငံဟာ အစ္စရေးကို နိုင်ငံအဖြစ်နဲ့ရပ်တည်ခွင့်ကို အသိအမှတ်မပြုသလို အစ္စရေးကလည်း အီရန်ရဲ့နျူကလီယားစက်ရုံတွေကို တိုက်ခိုက်မယ်လို့ မကြာခဏ ခြိမ်းခြောက်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG