သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရန္ႏိုင္ငံပိုင္ ႐ုပ္သံဌာန အြန္လိုင္းက ဝင္စီးခံရ


အီရန္ဆိုင္ဘာ တိုက္ခုိက္မႈ

အီရန္ႏိုင္ငံရဲ႕ ႏိုင္ငံေတာ္ပိုင္ ႐ုပ္ျမင္သံၾကားစနစ္ထဲကို တက္ႂကြလႈပ္ရွားသူေတြက ဒီဂ်စ္တယ္နည္းလမ္းနဲ႔ ဝင္ေရာက္ၾကကာ၊ ဘာသာေရးေခါင္းေဆာင္ အယာတိုလာ အလီခါေမနီရဲ႕ မ်က္ႏွာေပၚမွာ ပစ္မွတ္ၾကက္ေျခခတ္နဲ႔ မီးေတာက္ေတြ တင္လိုက္ၿပီး၊ အမ်ိဳးသမီးေတြ ဦးေဆာင္တဲ့ ဆႏၵျပပြဲ ကို စကၠန႔္အေတာ္ၾကာေအာင္ ေထာက္ခံလိုက္ၾကပါတယ္။

ရွင့္ရဲ႕ လက္ေတြေပၚမွာ ကြၽန္မတို႔ လူငယ္ေတြရဲ႕ ေသြးေတြနဲ႔ စြန္းထင္းေနတယ္ဆိုတဲ့ သတင္းစကားဟာ စေနေန႔ည ေဒသစံေတာ္ခ်ိန္ ၉ နာရီမွာ လႊင့္ထုတ္ေနတဲ့ အစီအစဥ္ေပၚမွာ ေပၚလာပါတယ္။ ေခါင္းပုဝါစည္းရာမွာ ဆံစထြက္ေနတာေၾကာင့္ အဖမ္းခံခဲ့ရၿပီး ဘာသာေရးရဲေတြရဲ ႔ ထိန္းသိမ္းစခန္းမွာ အသက္ ၂၂ အ႐ြယ္ မာစအာမီနီ ေသဆုံးခဲ့ၿပီးတဲ့ေနာက္ အီရန္ႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ တီဟီရန္ နဲ႔ အျခား ၿမိဳ႕ေတြ မွာ ဆႏၵျပပြဲေတြ ျဖစ္ေပၚခဲ့တာပါ။

ဘာသာေရးေခါင္းေဆာင္ အလီခါေမနီနဲ႔ ႏိုင္ငံေတာ္တာဝန္ရွိသူေတြ ေတြ႔ဆုံတဲ့ျပကြက္မွာ ဒီဂ်စ္တယ္ တက္ႂကြလႈပ္ရွားသူေတြက အခုလို ဝင္ေရာက္ၿပီး သတင္းစကားပါးခဲ့တာ ျဖစ္ပါတယ္။ တီဗြီရဲ႕ လက္်ာဘက္အေပၚေထာင့္ မွာ “ကြၽန္မတို႔နဲ႔ ပူးေပါင္း၊ ထႂကြပါ” လို႔လည္း ေႂကြးေၾကာ္သံကို တင္ခဲ့ၾကပါတယ္။ အလီရဲ႕ တရားမွ်တမႈလို႔ အဓိပၸါယ္ရတဲ့ Edalat-e Ali အဖြဲ႔က လုပ္ေဆာင္တာျဖစ္တယ္လို႔ ေၾကညာပါတယ္။

မာစအာမီနီနဲ႔ ဆႏၵျပပြဲအတြင္း ေသဆုံးသြားခဲ့ၾကတဲ့ အျခားအမ်ိဳးသမီး ၃ ေယာက္ရဲ႕ အျဖဴ-အမည္း ဓာတ္ပုံေတြကိုလည္း တက္ႂကြလႈပ္သူေတြက ႐ုပ္ျမင္သံၾကားမွာ ျပသခဲ့ၾကပါတယ္။ “Pasteur လမ္းက ရွင့္ရဲ႕ အိမ္ေထာင္ပရိေဘာဂေတြကို သိမ္းၿပီး၊ ရွင့္မိသားစုအတြက္ အီရန္ႏိုင္ငံရဲ႕ အျပင္ဘက္မွာ ေနရာရွာဖို႔ အခ်ိန္ေရာက္ၿပီ” ဆိုတဲ့ စာတမ္းနဲ႔လည္း ဘာသာေရးေခါင္းေဆာင္ အလီခါေမနီကို တိုက္တြန္းလိုက္တာကို ႐ုပ္ျမင္သံၾကားဖန္သားျပင္မွာ ၾကည့္ရႈသူေတြက ေတြ႔ခဲ့ၾကပါတယ္။

==== Unicode ====

အီရန်နိုင်ငံရဲ့ နိုင်ငံတော်ပိုင် ရုပ်မြင်သံကြားစနစ်ထဲကို တက်ကြွလှုပ်ရှားသူတွေက ဒီဂျစ်တယ်နည်းလမ်းနဲ့ ဝင်ရောက်ကြကာ၊ ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီခါမေနီရဲ့ မျက်နှာပေါ်မှာ ပစ်မှတ်ကြက်ခြေခတ်နဲ့ မီးတောက်တွေ တင်လိုက်ပြီး၊ အမျိုးသမီးတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲ ကို စက္ကန့်အတော်ကြာအောင် ထောက်ခံလိုက်ကြပါတယ်။

ရှင့်ရဲ့ လက်တွေပေါ်မှာ ကျွန်မတို့ လူငယ်တွေရဲ့ သွေးတွေနဲ့ စွန်းထင်းနေတယ်ဆိုတဲ့ သတင်းစကားဟာ စနေနေ့ည ဒေသစံတော်ချိန် ၉ နာရီမှာ လွှင့်ထုတ်နေတဲ့ အစီအစဉ်ပေါ်မှာ ပေါ်လာပါတယ်။ ခေါင်းပုဝါစည်းရာမှာ ဆံစထွက်နေတာကြောင့် အဖမ်းခံခဲ့ရပြီး ဘာသာရေးရဲတွေရဲ့ ထိန်းသိမ်းစခန်းမှာ အသက် ၂၂ အရွယ် မာစအာမီနီ သေဆုံးခဲ့ပြီးတဲ့နောက် အီရန်နိုင်ငံရဲ့မြို့တော် တီဟီရန် နဲ့ အခြား မြို့တွေ မှာ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာပါ။

ဘာသာရေးခေါင်းဆောင် အလီခါမေနီနဲ့ နိုင်ငံတော်တာဝန်ရှိသူတွေ တွေ့ဆုံတဲ့ပြကွက်မှာ ဒီဂျစ်တယ် တက်ကြွလှုပ်ရှားသူတွေက အခုလို ဝင်ရောက်ပြီး သတင်းစကားပါးခဲ့တာ ဖြစ်ပါတယ်။ တီဗွီရဲ့ လက်ျာဘက်အပေါ်ထောင့် မှာ “ကျွန်မတို့နဲ့ ပူးပေါင်း၊ ထကြွပါ” လို့လည်း ကြွေးကြော်သံကို တင်ခဲ့ကြပါတယ်။ အလီရဲ့ တရားမျှတမှုလို့ အဓိပ္ပါယ်ရတဲ့ Edalat-e Ali အဖွဲ့က လုပ်ဆောင်တာဖြစ်တယ်လို့ ကြေညာပါတယ်။

မာစအာမီနီနဲ့ ဆန္ဒပြပွဲအတွင်း သေဆုံးသွားခဲ့ကြတဲ့ အခြားအမျိုးသမီး ၃ ယောက်ရဲ့ အဖြူ-အမည်း ဓာတ်ပုံတွေကိုလည်း တက်ကြွလှုပ်သူတွေက ရုပ်မြင်သံကြားမှာ ပြသခဲ့ကြပါတယ်။ “Pasteur လမ်းက ရှင့်ရဲ့ အိမ်ထောင်ပရိဘောဂတွေကို သိမ်းပြီး၊ ရှင့်မိသားစုအတွက် အီရန်နိုင်ငံရဲ့ အပြင်ဘက်မှာ နေရာရှာဖို့ အချိန်ရောက်ပြီ” ဆိုတဲ့ စာတမ်းနဲ့လည်း ဘာသာရေးခေါင်းဆောင် အလီခါမေနီကို တိုက်တွန်းလိုက်တာကို ရုပ်မြင်သံကြားဖန်သားပြင်မှာ ကြည့်ရှုသူတွေက တွေ့ခဲ့ကြပါတယ်။

XS
SM
MD
LG