သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေဒဏ်ချ အီရန်အမျိုးသမီးကို ကြိုးပေးသတ်ဖွယ်ရှိ


သေဒဏ်ချ အီရန်အမျိုးသမီးကို ကြိုးပေးသတ်ဖွယ်ရှိ
သေဒဏ်ချ အီရန်အမျိုးသမီးကို ကြိုးပေးသတ်ဖွယ်ရှိ

အမျိုးသမီးတဦးကို အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ ကြိုးမိန့်ချမှတ်ပြီး အီရန်နိုင်ငံမှာ အကျဉ်းသားတွေကို သေဒဏ် အပြစ်ပေး ချမှတ်နေတယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့အကြောင်း ဥရောပသမဂ္ဂ အကြီးတန်း အရာရှိတဦးက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

အသက် ၄၃ နှစ်အရွယ် အမျိုးသမီး ဆာကီနာ မိုဟာမဒီ အက်ရှ်တီယာနီ (Sakineh Mohammadi Ashtiani) ကို အစောပိုင်းက သေတဲ့အထိ ကျောက်တုံးနဲ့ ပစ်သတ်စေဆိုတဲ့ ပြစ်ဒဏ်ကို ချမှတ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပြစ်ဒဏ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဝိုင်းဝန်း ဝေဖန် ကြတဲ့အတွက် နောက်ပိုင်းမှာ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ အစောဆုံးထား ဒီလို သေဒဏ်ပေးဖို့ ချမှတ်ထားတဲ့ အစီအစဉ်ကို ချက်ချင်း ရပ်ဆိုင်းပြီး ပြောင်းလဲ ပြစ်ဒဏ်ပေးဖို့ ဥရောပသမဂ္ဂ အကြီးတန်း ကိုယ်စားလှယ် ကက်သရင်း အက်ရှ်တွန် (Catherine Ashton) က အီရန်အစိုးရကို တောင်းဆိုနေပါတယ်။

အိမ်ထောင်ရေး ဖောက်ပြန်မှု စွပ်စွဲချက်ကို အက်ရှ်တီယာနီက ငြင်းဆိုထားပါတယ်။ ဒီစွဲချက်အပြင် လင်ယောကျ်ားကို သတ်ဖြတ်မှုမှာ ပါဝင်တယ် ဆိုပြီးတော့လည်း သူ့ကို စွပ်စွဲထားပါတယ်။

ကလေး၂ ယောက်မိခင် အက်ရှ်တီယာနီဟာ ယောကျ်ားဖြစ်သူ သေဆုံးပြီးတဲ့နောက် အမျိုးသား ၂ ဦးနဲ့ ဖောက်ပြန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၀၆ ခုနှစ်က ပထမဆုံးအကြိမ် အမိန့်ချမှတ်ခံခဲ့ရတာပါ။

အက်ရှ်တီယာနီရဲ့ အမှုမှာ တရားမျှတတဲ့ ခုံရုံးတင် စစ်ဆေးခွင့် ရခဲ့တယ်လို့ သူ မယုံကြည်တဲ့အကြောင်း သူ့ရဲ့ ကြေညာချက်ထဲမှာ ဥရောပ အရာရှိ အက်ရှ်တွန်က ဖော်ပြထားပါတယ်။ ဥရောပသမဂ္ဂ အနေနဲ့ ဘယ်လို သေဒဏ်အပြစ်ပေးမှုမျိုးကို မဆို ကန့်ကွက်တယ်လို့လည်း သူက ပြောပါတယ်။

အက်ရှ်တီယာနီရဲ့ လူသတ်မှုဟာ မှားယွင်းစွာ စွပ်စွဲခံရတာ ဖြစ်တယ်လို့ သူမရဲ့ ရှေ့နေက ပြောပါတယ်။

XS
SM
MD
LG