သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရှန်ပင်လယ်ကွေ့ ရေပိုင်နက်အရေးထုတ်ပြန်မှု ရုရှား သံအမတ်ကို အီရန် ဆင့်ခေါ်ကန့်ကွက်


အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ NASA က ရိုက်ယူထားတဲ့ ပါရှန်ပင်လယ်ကွေ့ ကောင်းကင်ဓာတ်ပုံ၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၀၃
အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ NASA က ရိုက်ယူထားတဲ့ ပါရှန်ပင်လယ်ကွေ့ ကောင်းကင်ဓာတ်ပုံ၊ ဖေဖော်ဝါရီ ၂၄၊ ၂၀၀၃

ပါရှန်ပင်လယ်ကွေ့ထဲက ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ကျွန်းစုတွေနဲ့ ပတ်သက်ပြီး အခုသီတင်းပတ်ထဲမှာ ရုရှားနိုင်ငံက အာရပ်နိုင်ငံတွေနဲ့ ပူးတွဲကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက်မှာ အီရန်က ရုရှားသံအမတ်ကို ဆင့်ခေါ်လိုက်ပါတယ်။

ဒါဟာယူကရိန်း ကျူးကျော်စစ်နောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး သိသိသာသာ ကောင်းနေချိန်မှာ အီရန်နဲ့ ရုရှားကြား ရှားရှားပါးပါး တင်းမာခဲ့တဲ့ ဖြစ်ရပ်ပါ။ ယူကရိန်းမှာဆိုးဆိုးရွားရွား ထိခိုက်မှုတွေ ဖြစ်စေတဲ့ လူသတ်ဒရုန်းယာဥ်တွေကို အီရန်က ရုရှားကို ထောက်ပံ့ပေးခဲ့တာပါ။ ရုရှားနဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (GCC) တို့ မော်စကိုမှာ တွေ့ဆုံပြီးနောက် ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်ကြောင့် သံအမတ်ကို ဗုဒ္ဓဟူးနေ့မှာ ဆင့်ခေါ်ခဲ့ကြောင်း အီရန်နိုင်ငံပိုင် IRNA သတင်းဌာနက ပြောပါတယ်။

Greater Tunb၊ Lesser Tunb နဲ့ Abu Musa ကျွန်း (၃)ခု အငြင်းပွားမှုမှာ "ငြိမ်းချမ်းတဲ့ အဖြေတခု" ရှာဖို့လည်း အီရန်ကကြေညာချက်မှာတောင်းဆိုထားပါတယ်။ ဒီကျွန်း (၃) ကျွန်းကို အီရန်ဟာ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ အဖွဲ့ဝင် (၆) နိုင်ငံထဲက အာရပ်စော်ဘွားများ ပြည်ထောင်စုနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေကြတာ ဖြစ်ပါတယ်။

ဒီကျွန်းတွေဟာ ကမ္ဘာ့ရေနံထောက်ပံ့မှု ငါးပုံတပုံလောက်သယ်ယူပို့ဆောင်နေတဲ့ မဟာဗျူဟာကျ ဟော်မုဇ်ရေလက်ကြားကို လွှမ်းမိုးထားနိုင်တဲ့ ချဉ်းကပ်လမ်းကြောင်းမှာ ရှိတဲ့အတွက် အရေးပါပြီး ၁၉၇၁ ခုနှစ် ဗြိတိသျှတပ်တွေ ဆုတ်ခွာသွားပြီးတဲ့နောက် အီရန်ကကျွန်းစု ၃ ခုကို သိမ်းပိုက်ခဲ့ရာကနေ နှစ်ဖက် အငြင်းပွားနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG