သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိတ်ဆို့မှုဖြေလျှော့ခြင်း အီရန်အကြီးအကဲ ကြိုဆို


အီရန် ဘာသာရေး ခေါင်းဆောင် Ayatollah Ali Khamenei
အီရန် ဘာသာရေး ခေါင်းဆောင် Ayatollah Ali Khamenei

အီရန်နိုင်ငံ အပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာရဲ့ စီးပွားရေး အရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားလိုက်တဲ့ အပေါ် အီရန် ဘာသာရေး ခေါင်းဆောင် Ayatollah Ali Khamenei က ကြိုဆိုလိုက်ပါတယ်။

ဒါပေမယ့်အီရန်ရဲ့ နျူးကလီးယား အစီအစဉ်တွေ အားလုံးကို အမေရိကန် ထိန်းချုပ်လိုက်တာမျိုး မဖြစ်အောက် ဆက်လက် သတိထားသွားဖို့ လိုတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

အီရန် အပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖယ်ရှားပေးနိုင်ခဲ့တဲ့ အထိ အီရန် အစိုးရနဲ့ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ တရုတ်၊ ရုရှား၊ အမေရိကန် ပြည်ထောင်စုတို့နဲ့ အီရန် အစိုးရကြား ရရှိခဲ့တဲ့ နျူးကလီးယား သဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်တဲ့ အပေါ် ဘာသာရေး ခေါင်းဆောင် Khamenei က အီရန် သမ္မတ Hassan Rouhani ထံ ဂုဏ်ပြုချီးကျူးကြောင်း စာပေးပို့ခဲ့တာပါ။

ဒါပေမယ့် အထူးသဖြင့် အမေရိကန် အပါအဝင် ရန်လိုပြီး မသမာတဲ့ စိတ်ဓာတ်ရှိတဲ့ တိုင်းပြည်တွေရဲ့ အန္တရာယ်ကိုလည်း သတိထားဖို့ လိုတယ်လို့ ထပ်မံ သတိပေးလိုကြောင်း အီရန်ဘာသာရေး ခေါင်းဆောင် ခါမေနီက ပြောဆိုခဲ့ပါတယ်။ အီရန်နဲ့ သဘောတူညီချက် ရယူခဲ့တဲ့သူတွေ ဘက်ကလည်း ဆောင်ရွက်ရမယ့် ကိစ္စတွေကို အပြည့်အ၀ ဆောင်ရွက်မှုရှိမရှိ သတိထားစောင့်ကြည့်ဖို့ လိုတယ်လို့လည်း ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG