သံတမန်ရေး မပြေလည်မှုတွေ ဖြစ်ခဲ့ရတဲ့ အီရန် ရေနံတင် သဘောင်္ကြီးက ဂျီဘရော်တာ ကနေ တနင်္ဂနွေ ဒါမှမဟုတ်လည်း တနလာင်္နေ့မှာ ထွက်ခွာဖို့ အဆင်သင့် ဖြစ်နေပြီလို့ သဘောင်္ပို့ဆောင်ရေး လုပ်ငန်းကြီးက ပြောဆိုလိုက်ပါတယ်။
Grace 1 ရေနံတင် သဘောင်္ကြီးကို ပြန်လည်သိမ်းယူနိုင်ရေး အမေရိကန်ဘက်က ကြိုးပမ်းနေတာပါ။ ဗြိတိန်ရဲ့ ဝေးလံတဲ့ နယ်မြေ တခုဖြစ်တဲ့ ဂျီဘရော်တာကနေ Grace 1 ရေနံတင် သဘောင်္ကြီး ပြန်လည် ထွက်ခွာနိုင်ရေး ဆောင်ရွက်ပေးတဲ့ ကုမ္ပဏီ အကြီးအကဲက သဘောင်္ဝန်ထမ်း အဖွဲ့သစ် ရောက်ရှိ ထိန်းချုပ်ပြီးတာနဲ့ နောက် ၂၄ နာရီကနေ ၄၈ နာရီ အတွင်း ခုတ်မောင်း ထွက်ခွာနိုင်တော့မှာ ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။
ပို့ဆောင်ရေး အပြောင်းအလဲနဲ့ လိုအပ်ချက် တချို့ကြောင့် သဘောင်္ကြီး ထွက်ခွာဖို့ နှောင့်နှေးနေရတာ ဖြစ်တယ်လို့ Astralship လုပ်ငန်းကြီးရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး Richard De La Rosa က AP သတင်းအေဂျင်စီကို ပြောဆိုပါတယ်။ အီရန် အပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်မှုနဲ့ ဒီသဘောင်္ကြီးကို သိမ်းယူဖို့ အမေရိကန်က ၀ရမ်းထုတ်ခဲ့ပြီး နောက်တနေ့မှာဘဲ De La Rosa က အခုလို ပြောဆိုတာ ဖြစ်ပါတယ်။ ရေနံတင် သဘောင်္ကြီးကို သိမ်းယူရေး ပန်ကြားချက်တွေကို နယ်မြေ တရားရုံးတွေကနေ ဆောင်ရွက်မယ်လို့ ဂျီဘရော်တာ တာဝန်ရှိသူတွေက ပြောဆိုထားတာနဲ့ အတူ ၂၄ နာရီ အတွင်း အချိန်သတ်မှတ်ချက်က ဖြစ်နိုင်ပါ့မလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။
Grace 1 ရေနံတင် သဘောင်္ကြီးရဲ့ အိန္ဒိယ နိုင်ငံသား စီမံခန့်ခွဲသူတွေ ငှားယမ်းထားတဲ့ သဘောင်္ဝန်ထမ်းသစ် အဖွဲ့ကတော့ အိန္ဒိယနဲ့ ယူကရိန်း နိုင်ငံသားတွေ ဖြစ်ပြီး ဒီရေနံတင် သဘောင်္ကြီး ဘယ်ကို ဦးတည်ခုတ်မောင်းမလဲ ဆိုတာ မသိဘူးလို့လည်း ပြောပါတယ်။
ဍ္ဍအီရန်ရဲ့ ရေနံစိမ်းစည် ၂ ဒသမ ၁ သန်း တင်ဆောင်လာတဲ့ Grace 1 သဘောင်္ကြီးကိုတော့ ဥရောပ သမဂ္ဂက ဆီးရီးယား အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကို ချိုးဖောက်ဖို့ ကြံစည်မှု စွပ်စွဲချက်နဲ့ ဂျီဘရော်တာမှာ ဖမ်းဆီးထားတာ တလကျော် ကြာခဲ့ပါပြီ။