သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသတွင်းပဋိပက္ခ အဆုံးသတ်ရေး အီရန်၊ တူရကီ လက်တွဲမည်


ဒေသတွင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဘာသာရေးဆိုင်ရာ အကြမ်းဖက်တွေ အဆုံးသတ်စေရေး ပူးပေါင်းလုပ်ဆောင်ကြဖို့ကို အီရန်နဲ့ တူရကီ ခေါင်းဆောင်တွေက တောင်းဆိုလိုက်ကြပါတယ်။

အီရန်နဲ့ တူရကီ နိုင်ငံတွေအနေနဲ့ ပဋိပက္ခတွေနဲ့ အချင်းချင်းကြား သတ်ဖြတ်နေတာတွေကို အဆုံးသတ်စေရေး လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ တူရကီဝန်ကြီးချုပ် Ahmet Davutoglu က ပြောဆိုခဲ့တာပါ။ အီရန်မှာပြုလုပ်တဲ့ စနေနေ့က ပူးတွဲသတင်းစာ ရှင်းလင်းပွဲအတွင်း - တူရကီဝန်ကြီးချုပ်က - အခုလို လက်တွဲလုပ်ဆောင်မှုက - ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှုတွေ အဆုံးသတ်စေရေးမှာ ထိရောက်ပြီး အကျိုးရှိစေမှာ ဖြစ်တယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

အီရန်ဒုသမ္မတ Eshagh Jahangiri ကတော့ - အီရန်နဲ့ တူရကီ အနေနဲ့ ဒီပြဿနာကို ဖြေရှင်းကိုင်တွယ်ရာမှာ သဘောထားကွဲပြား ကြပေမဲ့- တည်ငြိမ်မှုကို ရှေ့ရှုပြီး ပူးပေါင်းလုပ်ဆောင်ကြဖို့ကိုတော့ နှစ်ဘက်စလုံးက စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

တူရကီနိုင်ငံကတော့ ဆီးရီးယားသမ္မတ Bashar al Assad ကို ဖြုတ်ချဖို့ တိုက်ပွဲဝင်နေကြတဲ့ သူပုန်တွေကို အဓိက ကျောထောက်နောက်ခံ ပေးနေတဲ့ နိုင်ငံဖြစ်ပြီး၊ အီရန်ကတော့ ရုရှားနိုင်ငံနဲ့အတူ အာဆတ်အစိုးရအဖွဲ့ကို ထောက်ခံနေတာဖြစ်ပါတယ်။

XS
SM
MD
LG