သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေတ်မီ မောင်းသူမဲ့ လေယာဉ်အသစ် အီရန် ထုတ်ဖော်ပြသ

အီရန်နိုင်ငံ စစ်ဘက်က မောင်းသူမဲ့ လေယာဉ်အသစ် တစင်းကို ဖော်ထုတ် ပြသလိုက်ပြီး အဲဒီလေယာဉ်ဟာ ဝေးလံတဲ့ အရပ်တွေဆီထိ စစ်ဆင်ရေး လုပ်နိုင်တယ်လို့ ဆိုပါတယ်။

သမ္မတ မာ့ခ်မုဒ် အမာဒနီးဂျက် (Mahmoud Ahmadinejad) တက်ရောက်ပြီး ရုပ်မြင်သံကြားကနေ တိုက်ရိုက် ထုတ်လွှင့်ပြသတဲ့ ဒီကနေ့ အခမ်းအနားမှာ လေယာဉ်ကို စစ်ဘက်က ပြသခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်ရေးသမား ကာရာ (Karrar) လို့ အမည်ပေးထားတဲ့ မောင်းသူမဲ့ လေယာဉ်ဟာ မိုင် ၆၂၀ ကျော်ထိ ပျံသန်းနိုင်ပြီး ၁၀၀ ကီလိုဂရမ် ဗုံးနှစ်လုံး ဒါမှမဟုတ် ၂၀၀ ကီလိုဂရမ် ဗုံးတလုံးကို သယ်ဆောင်နိုင်တယ်လို့ အီရန်အစိုးရပိုင် ရုပ်မြင်သံကြား သတင်းဌာနက ပြောပါတယ်။ လေယာဉ်ဟာ မြေပြင်ပေါ်က ပစ်မှတ်တွေကို လျှင်မြန်တဲ့နှုန်းနဲ့ ပျံသန်း ပစ်ခတ်နိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အခု မောင်းသူမဲ့ လေယာဉ်ဟာ အီရန်ရဲ့ ရန်သူတွေအတွက် ‘သေမင်း သံတမန်’ ဖြစ်တယ်လို့ မစ္စတာ အမာဒနီးဂျက်က ပြောတာကို ကိုးကားပြီး AP သတင်းဌာနက ဖော်ပြပါတယ်။

အီရန်ကျောင်းသား သတင်းဌာနကတော့ ‘မောင်းသူမဲ့ stealth ဗုံးကျဲလေယာဉ်’ လို့ အမည်ပေး ခေါ်ဆိုပါတယ်။

This item is part of
XS
SM
MD
LG