သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓါးစားခံ အီရန်သင်္ဘောသားများ အမေရိကန်ရေတပ် ကယ်တင်


20일 오클라호마주 셔니시의 이동식주택 공원. 토네이도가 강타하면서 집들이 부서지고, 자동차는 수백미터나 날아갔다.
20일 오클라호마주 셔니시의 이동식주택 공원. 토네이도가 강타하면서 집들이 부서지고, 자동차는 수백미터나 날아갔다.

အာရေဗျပင်လယ်ထဲမှာ ပင်လယ်ဓားပြတွေ ဖမ်းဆီးထားတဲ့ အီရန် ၁၃ ဦးကို အမေရိကန်ရေတပ် သင်္ဘောတစ်စီးကနေ ကယ်တင်ခဲ့ပါတယ်။ အမေရိကန်ရေတပ်က အီရန် သင်္ဘောသားတွေကို ကယ်တင်ခဲ့တာနဲ့ ပတ်သက်ပြီး အီရန်အစိုးရက ကြိုဆိုတယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

ပါရှန် ပင်လယ်ကွေ့ထဲကို အမေရိကန် သင်္ဘောတွေ ပြန်မလာနဲ့လို့ အီရန်ကနေ သတိပေးခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ ပင်လယ်ဓားပြတွေက ဓါးစာခံအဖြစ်ဖမ်းထားတဲ့ အီရန်နိုင်ငံသားတွေကို အမေရိကန်ဘက်က ကယ်တင်ခဲ့တာပါ။ Al Molai လို့ ခေါ်တဲ့ အီရန် ငါးဖမ်းသင်္ဘော တစ်စီးကနေပြီး သူတို့အဖမ်းခံထားရတဲ့ အခြေအနေ၊ အကြောင်းကြားချက်ကို ကြာသပတေးနေ့က ရရှိခဲ့ပြီးနောက်ပိုင်း အဲဒီသင်္ဘောကို ရှာတွေ့ခဲ့တာလို့ အမေရိကန်ရေတပ်က မနေ့ကပဲ ကြေညာခဲ့ပါတယ်။

အမေရိကန် ရေတပ်သင်္ဘော USS Kidd က တပ်ဖွဲ့တစ်ခုက အဲဒီ ပြန်ပေးဆွဲခံထားရတဲ့ အီရန်သင်္ဘောဆီ သွားရောက်ခဲ့ပြီး ပင်လယ်ဓားပြ ၁၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအီရန် သင်္ဘောဟာ ပင်ဓါးပြတွေ လက်ထဲရောက်နေတာ တစ်လကျော် ရှိနေပြီလို့လည်း အမေရိကန်ရေတပ်က ပြောပါတယ်။ အဲဒီသင်္ဘောကို ပင်လယ်ဓားပြတွေက သူတို့ရဲ့ဌာနချုပ် အဖြစ် ထားပြီး သူတို့ရဲ့ လုပ်ငန်းတွေကို လုပ်နေတာလို့လည်း ဆိုပါတယ်။

အီရန်သင်္ဘောသားတွေကို အစားအစာနဲ့ ဆေးဝါးတွေကို ပေးထားပြီး အခုသူတို့တွေဟာ အီရန်နိုင်ငံကို ပြန်နေကြပြီလို့ ဆိုပါတယ်။ အဲဒီ သင်္ဘောသားတွေကတော့ အခုတလောဖြစ်နေတဲ့ အီရန်နဲ့ အမေရိကန်အကြား တင်းမာမှုတွေနဲ့ပတ်သက်ပြီး သိကြပုံမရဘူးလို့လည်း အမေရိကန်ရေတပ်က ပြောပါတယ်။

ပါရှန်ပင်လယ်ကွေ့မှာရှိတဲ့ ဟောမုဇ်ရေလက်ကြားကို ပိတ်ပစ်မယ်လို့ မကြာခင်ကပဲ အီရန်က ခြိမ်းခြောက်ထားတာပါ။ အမေရိကန် လေယာဉ်တင်သင်္ဘောတွေ အဲဒီဒေသမှာ လှုပ်ရှားသွားလာတာတွေ မလုပ်ဖို့လည်း အီရန်က သတိပေးထားပါတယ်။ အမေရိကန်ဘက်ကတော့ ပါရှန်ပင်လယ်ကွေ့ထဲက သူတို့ရဲ့လှုပ်ရှားမှုတွေကို ပုံမှန်အတိုင်း ဆက်ပြီးလုပ်နေမယ်လို့ ပြောထားပါတယ်။

XS
SM
MD
LG