သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်အရေး ဆွေးနွေးဖို့ အမေရိကန်ဗိုလ်ချုပ်ကြီး အစ္စရေးရောက်


အီရန်အရေး ဆွေးနွေးဖို့ အမေရိကန်ဗိုလ်ချုပ်ကြီး အစ္စရေးရောက်
အီရန်အရေး ဆွေးနွေးဖို့ အမေရိကန်ဗိုလ်ချုပ်ကြီး အစ္စရေးရောက်

အီရန်နိုင်ငံရဲ့ အငြင်းပွားဖွယ် နျူကလီးယားအစီအစဉ်ကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာအပေါ် အမေရိကန်စစ်ဘက် ထိပ်တန်း တာဝန်ရှိသူတစ်ဦးနဲ့ အစ္စရေးခေါင်းဆောင်တွေ သောကြာနေ့က တံခါးပိတ်ဆွေးနွေးခဲ့ကြပါတယ်။ အီရန်နိုင်ငံဟာ အဲဒီ နျူကလီးယားအစီအစဉ်ကို အနုမြူဗုံးထုတ်လုပ်ဖို့ အသုံးပြုနေတယ်လို့ နှစ်နိုင်ငံစလုံးက စိုးရိမ်နေတာပါ။

အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ကြည်းတပ်ဗိုလ်ချုပ်ကြီး Martin Dempsey ဟာ အစ္စရေးဝန်ကြီးချုပ် ဘန်ယာမင်န် နေတန်ယာဟု၊ သမ္မတ ရှီမွန် ပီးရက်စ်တို့အပြင် ကာကွယ်ရေးဝန်ကြီး အေဟွတ်ဒ် ဘရာ့ခ်၊ စစ်တပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဘန်နီ ဂန့်ဇ်တို့နဲ့ ဆွေးနွေးခဲ့တာပါ။

ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီး အချက်အလက် အနည်းအကျဉ်းကိုပဲ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေးက အီရန်ကို ကြိုတင် တိုက်ခိုက်တာမျိုးမလုပ်ဖို့ အမေရိကန်တာဝန်ရှိသူတွေက အစ္စရေးကို တိုက်တွန်းမယ်လို့ ခန့်မှန်းထားကြောင်း အစ္စရေး သတင်းမီဒီယာတွေက ဖော်ပြကြပါတယ်။ အဲဒီလို တိုက်ခိုက်နိုင်ခြေရှိတဲ့ အလားအလာကို အစ္စရေးက ခုချိန် ပယ်ချထားတာမျိုး မရှိသေးပါဘူး။

XS
SM
MD
LG