သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် ပြဿနာကြောင့် ကမ္ဘာ့ ရေနံဈေးတက်


အီရန် ပြဿနာကြောင့် ကမ္ဘာ့ ရေနံဈေးတက်
အီရန် ပြဿနာကြောင့် ကမ္ဘာ့ ရေနံဈေးတက်

ရေနံထုတ်လုပ်တဲ့ အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်တွေ ရပ်ဆိုင်းအောင် အနောက်နိုင်ငံတွေက ကြိုးပမ်းနေချိန်မှာပဲ ရေနံဈေးနှုန်းကတော့ ကမ္ဘာ့ဈေးကွက်မှာ ထပ် တက်သွားပါတယ်။ အမေရိကန် ရေနံစိမ်းဟာ နယူးယောက်ဈေးကွက်မှာ နှစ်ကြိမ်ဆက်တိုက် မြင့်တက်လာပြီး အခု သတင်းပတ်ကုန်ချိန်မှာတော့ တစ်ပီပါကို ၁၀၉.၇၄ ဒေါ်လာနှုန်းနဲ့ ၉ လအတွင်း အမြင့်ဆုံး ဖြစ်သွားပါတယ်။

ဘရန့် ရေနံစိမ်းဟာလည်း လန်ဒန်ဈေးကွက်မှာ တစ်ပီပါကို ၁၂၅.၄၇ ဒေါ်လာအထိ မြင့်တက်သွားပါတယ်။ အမေရိကန် ရေနံအကဲခတ်တစ်ဦး ဖြစ်တဲ့ စတီဖင်ရှော့ ကတော့ ဈေး ဆက်တက်လိမ့်မယ်၊ အီရန် နျူကလီးယား အစီအစဉ်ကို အမေရိကန်၊ အစ္စရေးနဲ့ ဥရောပနိုင်ငံတွေက ကြိုးပမ်းနေရင်းနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲသစ်တစ်ရပ် ဖြစ်လာမယ့်အရေးကိုလည်း ကုန်သည်တွေ စိုးရိမ်နေကြတဲ့အကြောင်း ပြောပါတယ်။

အီရန်နိုင်ငံကတော့ သူ့ရဲ့ နျူကလီးယား ဟာ အရပ်ဖက်မှာ သုံးဖို့အတွက်သာ ဖြစ်တယ်၊ စိုးရိမ်စရာ မရှိဘူးလို့ ပြောဆိုထားတာပါ။ အီရန်အစိုးရဟာ ဗြိတိန်နဲ့ ပြင်သစ်တို့ကို ရေနံရောင်းချမှု ဒီတပတ် အစောပိုင်းမှာပဲ ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။ တခြား ဥရောပနိုင်ငံတွေဆီ ရောင်းချတာတွေကိုလည်း ရပ်ဆိုင်းပစ်မယ်ဆိုပြီး ခြိမ်းခြောက်နေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG