သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ကို ဒဏ်ခတ်မှု ဆိုင်းငံ့ဖို့ ကန် လ/ထ နိုင်ငံခြားရေး ဝန်ကြီးတောင်းဆို


VOA နဲ့ ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်း
VOA နဲ့ ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်း
အမေရိကန်ရဲ့ နျူကလီးယားညှိနှိုင်းရေး ထိပ်တန်းတာဝန်ရှိသူက အီရန်နိုင်ငံ အပေါ် ဒဏ်ခတ်ပိတ်ဆို့ မှုတွေလုပ်ဖို့ အမေရိကန်လွှတ်တော်ဘက်က ကြိုးပမ်းနေတာကို ခေတ္တရပ်ဆိုင်းထားဖို့ တောင်းဆိုလိုက်ပါတယ်။

အီရန်ဘက်က နျူကလီးယားဖျက်သိမ်းရေးကိစ္စကို လိမ်လည် လှည့်ဖျားနေတယ်လို့ စွပ်စွဲမှုတွေများလာနေပြီး အမေရိကန် လွှတ်တော်ဘက်ကလည်း သံသယနဲ့ အခုလိုဒဏ်ခတ်မှု တိုးလုပ်ဖို့ ကြိုးပမ်းနေချိန်မှာ၊ အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Wendy Sherman ခုလိုထုတ်ပြောလိုက်တာပါ။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Sherman က နျူကလီးယား ဆွးနွေးပွဲတွေမှာ တိုးတက်မှု အရှိန်ကို စောင့်ကြည့်နိုင်ဖို့ အတွက်၊ နောက်ထပ် အမေရိကန်ရဲ့ ဒဏ်ခပ်ပိတ်ဆို့ရေး တွန်းအားပေး တာတွေကို ခေတ္တဆိုင်းငံ့ ထားသင့်တယ်လို့ VOA ကိုသီးသန့် အင်တာဗျုးပေးရာမှာ ထုတ်ပြောလိုက်ပါတယ်။

Barack Obama အစိုးရအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေထပ်လုပ်ရေး အခုလိုခေတ္တဆိုင်းထားဖို့အတွက် အမေရိကန် ဆီးနိတ်အထက်လွှတ်တော်နဲ့ ကွန်ဂရက်အောက်လွှတ်တော် ၂ ခုလုံးကို ဆွေးနွေးရှင်းပြနေတယ်လို့ လက်ထောက်ဝန်ကြီး Sherman ကဆက်ပြောခဲ့ပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကဆက်ပြီး လွှတ်တော်ကို ကျွန်မတို့ ထိန်းချုပ်တာမဟုတ်ဖူး၊ သူတို့မှာလုပ်ပိုင်ခွင့်သီးသန့်ရှိတယ်၊ ဒါပေမဲ့ ဒီအီရန်နျူကလီယာဖျက်သိမ်းရေးကိစ္စအောင်မြင်နိုင်ဖို့ မိတ်ဖက်လက်တွဲဖော်အဖြစ် အလေးအနက် ညှိုနှိုင်းဆွေးနွေးခဲ့တာသာ ဖြစ်တယ်လို့ ဆိုပါတယ်။

အီရန်နိုင်ငံဘက်ကတော့ နျူကလီယာကိစ္စက ငြိမ်းချမ်းရေးအတွက်သာ ရည်ရွယ်လုပ်တာဖြစ်တယ်လို့ ဆိုပေမဲ့ အနောက်နိုင်ငံတွေနဲ့ အစ္စရေးတို့ဘက်ကတော့ အီရန်အနေနဲ့ နျူကလီယာလက်နက်ထုတ်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။
XS
SM
MD
LG