သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်မှာ ထိန်းသိမ်းထားတဲ့ အမေရိကန်နိုင်ငံသား အာမခံနဲ့ ပြန်လွှတ်နိုင်

အီရန်နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာမှုနဲ့ ထောင်ဒဏ်တနှစ် ကျခံနေရတဲ့ အမေရိကန် တောင်တက်သမား တယောက်ဟာ မကြာခင်မှာ အာမခံနဲ့ ပြန်လည်လွတ်မြောက်လာတော့မှာ ဖြစ်တယ်လို့ အီရန်အစိုးရရဲ့ အကြီးတန်း ရှေ့နေတယောက်က ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံသား တောင်တက်သမား ဆာရာ ရှော့ဒ် (Sarah Shourd) ကို အာမခံငွေ အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ပေးဆောင်မယ်ဆိုရင် မကြာမီ ပြန်လွှတ်နိုင်တယ်လို့ အီရန်အစိုးရရှေ့နေ အဘတ်စ် ဂျဖာရီ ဒိုလာတာဘာဒီ (Abbas Jafari Dolatabadi) က ဒီကနေ့ပဲ အီရန်သတင်းဌာနကို ပြောခဲ့တာပါ။

ဆာရာ ရှော့ဒ်ကို မူစလင်တွေရဲ့ ရာမာဒန် ဥပုသ်လ ကုန်ဆုံးတဲ့ အစ်နေ့ အားလပ်ရက်ဖြစ်တဲ့ မနေ့က စနေနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့သဘောနဲ့ ပြန်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း တရားရုံး အာဏာပိုင်တွေက ဒါဟာ တရားဝင် ဆုံးဖြတ်လို့ မရတဲ့ကိစ္စ ဖြစ်တယ်ဆိုပြီး ဒီအစီအစဉ်ကို ရုတ်တရက် ဖျက်သိမ်းခဲ့ပါတယ်။

ဆာရာ ရှော့ဒ်နဲ့ တခြား အမေရိကန်နိုင်ငံသား ၂ ဦးဖြစ်တဲ့ ရှိန်း ဘားဝါး (Shane Beaur) နဲ့ ဂျော့ရှ် ဖတ်တဲလ် (Josh Fattal) တို့ဟာ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်ပြီး သူလျှိုလုပ်တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ၂၀၀၉ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှာ ထိန်းသိမ်းခံခဲ့ရတာပါ။

ဒီလူ ၃ ယောက်လုံးဟာ အီရန်နိုင်ငံ ပိုင်နက်ထဲကို လမ်းလျှောက်ရင်း မတော်တဆ ဝင်ရောက်သွားခဲ့မိတာသာ ဖြစ်ပြီး သူလျှိုအလုပ်နဲ့ ပတ်သက်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

This item is part of
XS
SM
MD
LG