သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Hormuz ရေလက်ကြား ကန်သင်္ဘောတွေကို စစ်တပ်လုံခြုံရေးပေး


ပါရှားပင်လယ်ကွေ့ထိပ်က Hormuz ရေလက်ကြားကိုဖြတ်တဲ့ အမေရိကန်အလံလွှင့်ထားတဲ့ ကုန်သင်္ဘောတွေကို အီရန်တွေရဲ့ ကြားဖြတ်နှောင့်ယှက်မှုနဲ့ မကြုံရစေဖို့ အမေရိကန် ရေတပ်သင်္ဘောတွေ အတူလိုက်ပါ စောင့်ရှောက်မှုတွေ စတင်လိုက်ပြီ ဖြစ်ပါတယ်။

အီရန်က Marshall Islands အလံလွှင့်တင်ထားတဲ့ Maersk Tigris သင်္ဘောကို ရပ်ခိုင်းပြီး ပါလာတဲ့ သင်္ဘောသားတွေကို ဖမ်းဆီးခဲ့တဲ့နောက်မှာ အီရန်ရဲ့လုပ်ရပ်ကို ရန်လိုတဲ့လုပ်ရပ်အဖြစ် ရှုမြင်တဲ့ အမေရိကန်အစိုးရက အခုလို မူဝါဒ ချမှတ်တုံ့ပြန်ရတာဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး အရာရှိတွေက ပြောပါတယ်။

ဒီသင်္ဘောကို ကမ်းကပ်ဖို့ပြောပေမဲ့ ငြင်းဆန်ခဲ့တဲ့အတွက် အီရန်ရေတပ်က ဒီသင်္ဘောကို ကမ်းကပ်ဖို့ စောင့်ခေါ်ပြီး အရေးယူရတာဖြစ်တယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif က ပြောပါတယ်။

ဒါ့အပြင် Maersk သင်္ဘောလိုင်းဟာ အီရန်တရားရုံးတခုရဲ့ ဆုံးဖြတ်ချက်အရ ဒဏ်ကြေးငွေပေးဖို့ ရှိနေတဲ့အတွက် အခုလို Maersk Tigris သင်္ဘောကို တားဆီးရကြောင်းလည်း အီရန်အစိုးရက ပြောပါတယ်။

နိုင်ငံတကာ ရေကြောင်းလုပ်ထုံးလုပ်နည်းအရ သင်္ဘောတွေဟာ လက်နက်တွေ သယ်ဆောင်တာ ဒါမှမဟုတ် ထောက်လှန်းရေးလုပ်တာလိုမျိုး ချိုးဖောက်မှုတွေ မလုပ်မချင်း ဒီရေလက်ကြားကို အနှောင့်အယှက်မရှိ ဖြတ်သန်းနိုင်ခွင့် ရှိနေတာဖြစ်ပါတယ်။

XS
SM
MD
LG