သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နှင့်တင်းမာချိန် ကန်လေယာဉ်တင်သင်္ဘောတွေ အရှေ့အလယ်ပိုင်းရောက်ရှိ


အီရန်ဟာ အမေရိကန်တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ စီစဉ်နေနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိလာခဲ့တဲ့နောက် အမေရိကန်က စေလွှတ်လိုက်တဲ့ USS Abraham Lincoln လေယာဉ်တင် တိုက်ခိုက်ရေးသင်္ဘော အုပ်စုနဲ့ B-52 ဗုံးကြဲလေယာဉ် ၄ စင်းဟာ အရှေ့အလယ်ပိုင်း ဒေသကို ရောက်သွားပါပြီ။

ကြာသပတေးနေ့မှာ တိုက်ခိုက်ရေးသင်္ဘောအုပ်စုဟာ ဆူးအက်စ် တူးမြောင်းကို ဖြတ်ကျော်ခဲ့သလို B-52 ဗုံးကြဲလေယာဉ် ၂ စင်း လည်းရောက်ရှိလာပြီ ဖြစ်ပြီး နောက်လေယာဉ် ၂ စင်းကတော့ ဗုဒ္ဓဟူးနေ့ကတည်းက ရောက်နေပြီဖြစ်ကြောင်း အရှေ့အလယ်ပိုင်းဒေသ အပါအဝင် အလယ်ပိုင်းဒေသကို ကြီးကြပ်တဲ့ စစ်ဌာနချုပ်ပြောခွင့်ရ ရေတပ် ကပ္ပတိန William Urban က VOA ကိုပြောပါတယ်။

ဗုံးကြဲလေယာဉ်တွေကို Qatar က Al Udeid လေတပ်အခြေစိုက်စခန်းမှာ ထားရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတဦးက အတည်ပြု ပြောဆိုပါတယ်။

အီရန်ဘက်က အန္တရာယ်ပြုနိုင်ခြေတိုးလာသလို သတိပေးမှုတွေများလာတာကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ စစ်ရေးအထောက်အကူတွေ ပိုပေးဖို့ ပန်ကြားရတာ ဖြစ်ကြောင်း အလယ်ပိုင်းစစ်ဌာနချုပ် တပ်မှုး ရေတပ်ဗိုလ်ချုပ်ကြီး Kenneth "Frank" McKenzie က ဗုဒ္ဓဟူးနေ့က ဝါရှင်တန်မှာ ပြောကြားခဲ့တာပါ။

အီရန်နဲ့ ရရှိထားတဲ့ နျူကလီယားဆိုင်ရာ သဘောတူညီချက်ကို မလိုက်နာတော့ဘူးလို့ အီရန်ရဲ့ ခြိမ်းခြောက်မှုအတွက် ဥရောပခေါင်းဆောင် တွေက ရှုံ့ချနေချိန်မှာပဲ အမေရိကန် တိုက်ခိုက်ရေးသင်္ဘောနဲ့ လေယာဉ်တွေ အရှေ့အလယ်ပိုင်းဒေသကို ရောက်လာတာ ဖြစ်ပါတယ်။

အီရန်သမ္မတ Hassan Rouhani က တကယ်လို့ အီရန်ကိုအရေးယူ ဒဏ်ခတ်မှုတွေမလုပ်အောင် ရက်ပေါင်း ၆၀ အတွင်း အကာကွယ် မပေးဘူးဆိုရင် အီရန်ဟာ သဘောတူစာချုပ်ပါ ကန့်သတ်ချက်ထက် ကျော်လွန်ပြီး ယူရေနီယံသန့်စင်မှုတွေ လုပ်မယ်လို့ ပြောကြားခဲ့ပြီး နာရီပိုင်းအကြာမှာပဲ အမေရိကန်က အီရန်အပေါ် အရေးယူမှု အသစ်တွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG