သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နဲ့အနောက်အုပ်စု နျူကလီယားဆွေးနွေးပွဲ သဘောတူညီမှု မရ


အီရန်နိုင်ငံခြားရေးဝန်ကြီး၊ အီးယူ အကြီးအကဲ၊ အိုမန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ အိုမန်အစည်းအဝေးမှာ တွေ့စဉ်။ (နိုဝင်ဘာ ၁၀၊ ၂၀၁၄)
အီရန်နိုင်ငံခြားရေးဝန်ကြီး၊ အီးယူ အကြီးအကဲ၊ အိုမန်နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ အိုမန်အစည်းအဝေးမှာ တွေ့စဉ်။ (နိုဝင်ဘာ ၁၀၊ ၂၀၁၄)

Oman မှာ ကျင်းပနေတဲ့ အီရန်၊ အမေရိကန်ပြည်ထောင်စုနဲ့ အီးယူဥရောပသမဂ္ဂတို့ရဲ့ ၂ ရက်ကြာဆွေးနွေးပွဲ အဆုံးသတ်သွားပါပြီ။ ဒါပေမယ့် အီရန်ရဲ့နျူကလီယားအရေးနဲ့ ပတ်သက်တဲ့ ပြီးပြည့်စုံတဲ့ သဘောတူညီချက်တော့မရဘဲ ပြီးဆုံးသွားတာပါ။

အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ အီးယူဥရောပသမဂ္ဂရဲ့ ကိုယ်စားလှယ် မစ္စ Catherine Ashton တို့ဟာ နိုဝင်ဘာလ ၂၄ ရက်နေ့မှာ ကုန်ဆုံးမယ့် သတ်မှတ်ရက်မတိုင်ခင် သဘောတူညီချက်ရဖို့ တနင်္လာနေ့မှာ ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။

တနင်္လာနေ့ ညနေပိုင်းမှာ ဆက်ပြီးကျင်းပမယ့် ဆွေးနွေးပွဲကိုမသွားခင် မစ္စတာ Zarif က တိုးတက်မှု တစုံတရာရနိုင်ချေရှိတယ်လို့ ပြောကြားခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီညှှိနှိုင်းဆွေးနွေးမှုဟာ တစုံတရာ ရှင်းလင်းတဲ့ ရလဒ်ကောင်း မထွက်ခဲ့တဲ့အတွက် ပူးတွဲသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ့်အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း အီရန် Press TV ကို ပြောပါတယ်။

အမေရိကန်သမ္မတ Barack Obama ကတော့ ၂ ဘက် အခြေနေဟာ ကွာဟနေဆဲဖြစ်တယ်လို့ တနင်္ဂနွေနေ့က ပြောပါတယ်။ Oman မှာ ကျင်းပတဲ့ ဆွေးနွေးပွဲဟာ လာမယ့်နှစ်ဆန်း ဇန်နဝါရီလမှာ လွှတ်တော်ကို ရီပတ်ဘလစ်ကင်ပါတီကမကြီးစိုးခင် အိုဘားမားအစိုးရအဖွဲ့ အတွက် အီရန်နဲ့ နျူကလီယား သဘောတူညီမှုရအောင် ကြိုးစားဖို့ နောက်ဆုံးရတဲ့ အခွင့်အရေးဖြစ်ပါတယ်။

XS
SM
MD
LG