သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ် ခြေစစ်ပွဲ အီရန်အမျိုးသမီးဘောလုံးအသင်း အိမ်ရှင် မြန်မာနိုင်ငံကို ရောက်ရှိ


ခြေစစ်ပွဲကစားရန် အီရန်အမျိုးသမီးဘောလုံးအသင်း မြန်မာနိုင်ငံကို ရောက်ရှိ (ဧပြီ ၂၊ ၂၀၂၃)
ခြေစစ်ပွဲကစားရန် အီရန်အမျိုးသမီးဘောလုံးအသင်း မြန်မာနိုင်ငံကို ရောက်ရှိ (ဧပြီ ၂၊ ၂၀၂၃)

ရှေ့နှစ် ၂ဝ၂၄ မှာ ကျင်းပမယ့် ပါရီ အိုလံပစ် အားကစားပွဲ အတွက် ခြေစစ်ပွဲအနေနဲ့ မြန်မာ အမျိုးသမီး ဘောလုံး အသင်းဟာ အိမ်ရှင်အဖြစ်နဲ့ ဘင်္ဂလားဒေ့ရှ် ၊ မောလဒိုက် ၊ အီရန် စတဲ့ နိုင်ငံတွေက အမျိုးသမီးအသင်းတွေနဲ့ ကစားကြရမှာဖြစ်ပါတယ်။ အဲဒီအတွက် အီရန် အမျိုးသမီးအသင်းဟာ မြန်မာ အမျိုးသမီးအသင်း နဲ့ ဒီလ ဧပြီလ ၁၁ ရက်နေ့မှာ ကစားဖို့အတွက် ရန်ကုန်မြို့ကို မနေ့ ဧပြီ ၂ ရက်နေ့က ရောက်ရှိလာပါတယ်။

မြန်မာအမျိုးသမီး ဘောလုံးအသင်းဟာ ၂ဝဝ၄ နဲ့ ၂ဝဝ၇ ခုနှစ်တွေက အရှေ့တောင် အာရှ အမျိုးသမီး ဘောလုံးပွဲမှာ ချန်ပီယံဆုတွေ ရရှိခဲ့ဘူးပါတယ်။ ဒါအပြင် ၂ဝဝ၄ ခုနှစ်ကပဲ အာရှ အမျိုးသမီး ချန်ပီယံပြိုင်ပွဲမှာလည်း ဗိုလ်စွဲခဲ့ဘူးပါတယ်။ ဒါပေမယ့်လည်း အိုလံပစ်ခြေစစ်ပွဲကိုတော့ အောင်မြင်ခဲ့ဘူးတာ မရှိသေးပါဘူး။

အီရန်အသင်း အနေနဲ့ကတော့ ဟီဂျပ် ခေါ် ခေါင်းစီးပုဝါစီးပြီး နိုင်ငံတကာပွဲစဉ်မှာ ယှဉ်ပြိုင်လို့ဆိုပြီး FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ယာယီပိတ်ပင်ထားတဲ့အတွက် အရင်က အိုလံပစ် ခြေစစ်ပွဲဝင်ခွင့်မရှိခဲ့ပါဘူး။ ဒါပေမဲ့လည်း ၂ဝ၁၂ ခုနှစ်မှာ FIFA က ပြန်လည် ခွင့်ပြုပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}




XS
SM
MD
LG