သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘဲလ်အဆင့် သင်္ချာဆိုင်ရာဆု အီရန်ဖွားအမျိုးသမီးရရှိ


အီရန်နိုင်ငံဖွား သင်္ချာပညာရှင် Maryam Mirzakhani က သင်္ချာပညာရဲ့ နိုဘဲလ်ဆုအဖြစ် တန်းတူသတ်မှတ်ထားတဲ့ Fields Medal ဆု ချီးမြှင့်လိုက်ပြီး သူဟာ ဒီဆုရတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်လာပါတယ်။

ဆုချီးမြှင့်ပွဲကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ဗုဒ္ဓဟူးနေ့က ပေးအပ်ခဲ့တာပါ။ သူ့ရဲ့အောင်မြင်မှုကြောင့် ငယ်ရွယ်တဲ့ အမျိုးသမီး သိပ္ပံနဲ့ သင်္ချာပညာရှင်တွေကို ပိုမို တွန်းအားပေးနိုင်ဖို့ မျှော်လင့်တယ်လို့ သူက ပြောပါတယ်။

သူူ့ကို အီရန်နိုင်ငံမှာ မွေးဖွားခဲ့ပြီး Harvard တက္ကသိုလ်က သင်္ချာပညာ ဆည်းပူူးခဲ့ပြီးတဲ့နောက် အခုအခါမှာ ကယ်လီဖိုးနီးယားပြည်နယ်က Stanford တက္ကသိုလ်မှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

Fields Medal ဆုကို သင်္ချာပညာထူးချွန်သူ ၄ ဦးကို နိုင်ငံတကာ သင်္ချာပညာရှင်များကွန်ဂရက်က လေးနှစ် တကြိမ် ချီးမြှင့်တာပါ။ ဒီနှစ်ထဲဆုရတဲ့ တခြားသုံးယောက်ကတော့ ပြင်သစ်နိုင်ငံက Artur Avila၊ ဗြိတိန်နိုင်ငံ Warwick တက္ကသိုလ်က Martin Hairer နဲ့ အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် Princeton တက္ကသိုလ်က Manjul Bhargava တို့ ဖြစ်ပါတယ်။

XS
SM
MD
LG