သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အီရန္ဆႏၵျပပြဲအတြင္း သတင္းေထာက္အမ်ားအျပား ဖမ္းဆီးခံရမႈအေပၚ သတင္းေထာက္ေတြ ေဝဖန္


အီရန္ႏိုင္ငံတဝန္းက ဆႏၵျပပြဲေတြအတြင္း သတင္းေထာက္ေတြအေတာ္မ်ားမ်ား ဖမ္းဆီးခံရတဲ့အေပၚ အီရန္သတင္းေထာက္ေတြက ဒီေန႔ ရႈတ္ခ်လိုက္ၾကပါတယ္။

စက္တင္ဘာ ၁၆ ရက္ေန႔က အသက္ ၂၂ ႏွစ္ အ႐ြယ္ Mahsa Amini ဟာ အီရန္အမ်ိဳးသမီးေတြ လိုက္နာရမယ့္ ဝတ္စားဆင္ယင္မႈပုံစံကို ခ်ိဳးေဖာက္တယ္ဆိုၿပီး ရဲကဖမ္းဆီးထားစဥ္ ေသဆုံးသြားခဲ့တဲ့အတြက္ အီရန္ႏိုင္ငံတဝန္းဆႏၵျပေနၾကတာ အခုဆိုရင္ သီတင္းပတ္ ၇ ပတ္ထဲ ေရာက္လာၿပီျဖစ္ပါတယ္။ ဆႏၵျပပြဲေတြအတြင္း ေသဆုံးသူ ဒါဇင္နဲ႔ခ်ီရွိခဲ့ၿပီး၊ ဖမ္ဆီးခံရသူ ရာနဲ႔ခ်ီရွိခဲ့ပါတယ္။

ေသဆုံးသူအမ်ားစုက ဆႏၵျပတဲ့သူေတြျဖစ္ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္တခ်ိဳ႕လည္းေသဆုံးခဲ့ပါတယ္။ ၿမိဳ႕ေတာ္ တဟီရန္ နဲ႔ တျခားၿမိဳ႕ေတြမွာ သတင္းေထာက္ ၂၀ ေက်ာ္ ဆက္ၿပီးေတာ့ ဖမ္းဆီးခံေနရတုန္းပဲျဖစ္တယ္လို႔ ွSazendegi သတင္းစာက ဒီေန႔ေျပာပါတယ္။ ဒါအျပင္ ေနာက္ထပ္ သတင္းေထာက္ေတြ အေတာ္မ်ားမ်ားကိုလည္း အာဏာပိုင္ေတြဘက္က စစ္ေဆးေမးျမန္းဖို႔ ေခၚတာေတြရွိတယ္လို႔လည္း ေျပာပါတယ္။

သတင္းေထာက္ေတြကို အခုလို ဖမ္းဆီးတာေတြ နဲ႔ ဖမ္းဆီးၿပီးတဲ့ေနာက္ သူတို႔ရသင့္တဲ့ အေျခခံအခြင့္အေရးေတြကို မေပးတဲ့တာေတြနဲ႔ ပတ္သက္ၿပီး အာဏာပိုင္ေတြကို ေဝဖန္ထားတဲ့ ေၾကညာခ်က္ကိုလည္း အီရန္သတင္းေထာက္ နဲ႔ ဓါတ္ပုံသတင္းေထာက္ ၃၀၀ ေက်ာ္က လက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔ ျပည္တြင္းသတင္းေတြက ဆိုပါတယ္။

ဖမ္းဆီးခံရတဲ့သူေတြဟာ ေရွ႕ေနငွားခြင့္မရသလို၊ တရား႐ုံးၾကားနား စစ္ေဆးမႈ ေတြမလုပ္ခင္ စစ္ေဆးေမးျမန္းတာေတြနဲ႔ စြဲခ်က္တင္တာေတြလုပ္ခဲ့ၿပီး၊ အဲဒီလူေတြကို လႊတ္ေပးဖို႔ ေၾကညာခ်က္မွာ ေတာင္းဆို ထားပါတယ္။ တခ်ိန္တည္းမွာပဲ မေန႔စေနေန႔က တဟီရန္ၿမိဳ႕က တကၠသိုလ္ေက်ာင္းဝင္းေတြအပါအဝင္ တျခားၿမိဳ႕ေတြမွာလည္း ေက်ာင္းသားေတြ ဆႏၵျပခဲ့ၾကပါတယ္။ ဒါေပမဲ့ အီရန္ေတာ္လွန္ေရး အေစာင့္တပ္က တပ္မႉးႀကီး ေက်ာင္းသားေတြ အပါအဝင္ ဆႏၵျပေနတဲ့သူေတြကို လမ္းေပၚမထြက္ဘဲ အိမ္ထဲမွာေနၾကဖို႔ ေျပာလိုက္ပါတယ္။

==== Unicode ====

အီရန်နိုင်ငံတဝန်းက ဆန္ဒပြပွဲတွေအတွင်း သတင်းထောက်တွေအတော်များများ ဖမ်းဆီးခံရတဲ့အပေါ် အီရန်သတင်းထောက်တွေက ဒီနေ့ ရှုတ်ချလိုက်ကြပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့က အသက် ၂၂ နှစ် အရွယ် Mahsa Amini ဟာ အီရန်အမျိုးသမီးတွေ လိုက်နာရမယ့် ဝတ်စားဆင်ယင်မှုပုံစံကို ချိုးဖောက်တယ်ဆိုပြီး ရဲကဖမ်းဆီးထားစဉ် သေဆုံးသွားခဲ့တဲ့အတွက် အီရန်နိုင်ငံတဝန်းဆန္ဒပြနေကြတာ အခုဆိုရင် သီတင်းပတ် ၇ ပတ်ထဲ ရောက်လာပြီဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေအတွင်း သေဆုံးသူ ဒါဇင်နဲ့ချီရှိခဲ့ပြီး၊ ဖမ်ဆီးခံရသူ ရာနဲ့ချီရှိခဲ့ပါတယ်။

သေဆုံးသူအများစုက ဆန္ဒပြတဲ့သူတွေဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တချို့လည်းသေဆုံးခဲ့ပါတယ်။ မြို့တော် တဟီရန် နဲ့ တခြားမြို့တွေမှာ သတင်းထောက် ၂၀ ကျော် ဆက်ပြီးတော့ ဖမ်းဆီးခံနေရတုန်းပဲဖြစ်တယ်လို့ ှSazendegi သတင်းစာက ဒီနေ့ပြောပါတယ်။ ဒါအပြင် နောက်ထပ် သတင်းထောက်တွေ အတော်များများကိုလည်း အာဏာပိုင်တွေဘက်က စစ်ဆေးမေးမြန်းဖို့ ခေါ်တာတွေရှိတယ်လို့လည်း ပြောပါတယ်။

သတင်းထောက်တွေကို အခုလို ဖမ်းဆီးတာတွေ နဲ့ ဖမ်းဆီးပြီးတဲ့နောက် သူတို့ရသင့်တဲ့ အခြေခံအခွင့်အရေးတွေကို မပေးတဲ့တာတွေနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကို ဝေဖန်ထားတဲ့ ကြေညာချက်ကိုလည်း အီရန်သတင်းထောက် နဲ့ ဓါတ်ပုံသတင်းထောက် ၃၀၀ ကျော်က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ပြည်တွင်းသတင်းတွေက ဆိုပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ ရှေ့နေငှားခွင့်မရသလို၊ တရားရုံးကြားနား စစ်ဆေးမှု တွေမလုပ်ခင် စစ်ဆေးမေးမြန်းတာတွေနဲ့ စွဲချက်တင်တာတွေလုပ်ခဲ့ပြီး၊ အဲဒီလူတွေကို လွှတ်ပေးဖို့ ကြေညာချက်မှာ တောင်းဆို ထားပါတယ်။ တချိန်တည်းမှာပဲ မနေ့စနေနေ့က တဟီရန်မြို့က တက္ကသိုလ်ကျောင်းဝင်းတွေအပါအဝင် တခြားမြို့တွေမှာလည်း ကျောင်းသားတွေ ဆန္ဒပြခဲ့ကြပါတယ်။ ဒါပေမဲ့ အီရန်တော်လှန်ရေး အစောင့်တပ်က တပ်မှူးကြီး ကျောင်းသားတွေ အပါအဝင် ဆန္ဒပြနေတဲ့သူတွေကို လမ်းပေါ်မထွက်ဘဲ အိမ်ထဲမှာနေကြဖို့ ပြောလိုက်ပါတယ်။

XS
SM
MD
LG