သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Iran နျ ူသဘောတူညီမှု ရရှိရေး အလားအလာ နှေးကွေး


အီရန် နျူကလီးယားအရေး ဆွေးနွေးပွဲ၊ Vienna။ (ဇွန် ၁၂၊ ၂၀၁၅)
အီရန် နျူကလီးယားအရေး ဆွေးနွေးပွဲ၊ Vienna။ (ဇွန် ၁၂၊ ၂၀၁၅)

အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံအကြား နျူကလီးယားအရေး သမိုင်းဝင် သဘောတူညီချက်တရပ်ရဖို့ သတ်မှတ်ထားတဲ့ နောက်ဆုံးရက်ရောက်ဖို့ သီတင်းပတ် အနည်းငယ်ပဲ လိုတော့တဲ့အချိန်မှာ တိုးတက်မှုတွေ သိသိသာသာ နှေးကွေး သွားတယ်လို့ စေ့စပ်ဆွေးနွေးပွဲနဲ့ နီးစပ်တဲ့ သံတမန် သတင်းရင်းမြစ်တွေက ပြောပါတယ်။

နောက်ဆုံးသတ်မှတ်ရက် မတိုင်ခင်မှာ နောက်ဆုံးအဆင့် စေ့စပ်ညှိနှိုင်းပွဲတွေ နီးကပ်လာတာကြောင့် အခုလို တိုးတက်မှုနှေးကွေး နေတာဟာ စိုးရိမ်ဖွယ်ဖြစ်တယ်လို့ သတင်းရင်းမြစ်တွေက ရုရှားသတင်းဌာနတွေ ကို ပြောပါတယ်။ နောက်ဆုံးတကြိမ် ဆွေးနွေးပွဲတွေကို သောကြာနေ့က ဗီယန်နာမြို့မှာ လုပ်ခဲ့တာပါ။

သဘောတူညီချက်အသစ်အရ အီရန်ရဲ့ စစ်ဘက်နေရာတွေကို နိုင်ငံတကာ စစ်ဆေးသူတွေ ဝင်ခွင့်မပေးနိုင်ဘူးလို့ အီရန်က အခိုင်အမာပြောနေပါတယ်။ အဲဒီစစ်ဘက်နေရာတွေကို စစ်ဆေးဖို့ကိစ္စဟာ အနောက်နိုင်ငံတွေက အဓိကတောင်းဆိုနေတဲ့ ကိစ္စ တခုပါ။

အီရန်အနေနဲ့ လိုအပ်တဲ့ ဝင်ရောက်ခွင့်တွေ ပေးဖို့လိုတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Jeff Rathke ကပြောပါတယ်။

XS
SM
MD
LG