သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nuclear အရေးဆွေးနွေးဖို့ အီရန်သမ္မတအသင်ြ့ဖစ်


နျူကလီယားဆိုင်ရာအရေး ကြိုတင်သတ်မှတ်ချက်မပါဘဲ ဆွေးနွေးဖို့ ပြောလိုက်တဲ့ အီရန်သမ္မတ Hasan Rouhani
နျူကလီယားဆိုင်ရာအရေး ကြိုတင်သတ်မှတ်ချက်မပါဘဲ ဆွေးနွေးဖို့ ပြောလိုက်တဲ့ အီရန်သမ္မတ Hasan Rouhani
နျူကလီယားအစီအစဉ်ဆိုင်ရာ ဆွေးနွေးပွဲတွေလုပ်ဖို့ သူ့အစိုးရအနေနဲ့ အဆင်သင့်ရှိတယ်လို့ အီရန်သမ္မတ Hasan Rouhani က ပြောပေမဲ့ ကြိုတင်သတ်မှတ်ချက်တွေ မထားရှိမှသာ လုပ်မယ်လို့ ပြောလိုက်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဥပဒေဘောင်အတွင်း ယူရေနီယမ်သန့်စင်နိုင်တဲ့ အီရန်ရဲ့အခွင့်အရေးကို အနောက်နိုင်ငံတွေ လက်ခံရမယ် လို့ ဒီကနေ့လုပ်တဲ့ စစ်ရေးပြပွဲတစ်ခုအတွင်း မစ္စတာ ရူဟာနီက ပြောခဲ့ပါတယ်။ သူတို့ရဲ့ နျူကလီယားအစီအစဉ်ဟာ ငြိမ်းချမ်းတဲ့ရည်ရွယ်ချက် သက်သက်သာ ဖြစ်တယ်ဆိုတာကိုလည်း သူက ထပ်ပြီး ပြောခဲ့ပါသေးတယ်။

မစ္စတာရူဟာနီဟာ ကုလသမဂ္ဂ အထွေထွေညီလာခံတက်ဖို့အတွက် တနင်္လာနေ့မှာ နယူးယောက်မြို့ဆီ ထွက်ခွာဖို့ရှိပါတယ်။ ယူရေနီယမ်သန့်စင်တာကို ရပ်ဆိုင်းဖို့ တောင်းဆိုပြီး ချမှတ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဒဏ်ခတ်အရေးယူမှု လေးကြိမ်စလုံးကို အီရန်နိုင်ငံက အန်တု ရင်ဆိုင်ထားတာပါ။

နျူကလီယားဆိုင်ရာ နေရာဌာနတွေဆီ နိုင်ငံတကာစစ်ဆေးရေးမှူးတွေ စစ်ဆေးကြည့်ရှုခွင့်ပြုဖို့ အီရန်က ငြင်းဆန်ခဲ့ပြီးတဲ့နောက် ရေနံနဲ့ဘဏ်လုပ်ငန်းဆိုင်ရာ ကန့်သတ်ချက်တွေအပါအဝင် စီးပွားရေးဆိုင်ရာ ဒဏ်ခတ်အရေးယူတာတွေကို အမေရိကန်နဲ့ မဟာမိတ်တွေက ချမှတ်ထားပါတယ်။ အီရန်ဟာ နျူကလီယားလက်နက် ထုတ်လုပ်ဖို့ လုပ်ဆောင်နေတယ်လို့ ကျယ်ကျယ် ပြန့်ပြန့် ယုံကြည်ထားကြပါတယ်။
XS
SM
MD
LG