သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yemen ရေပိုင်နက်ရောက် Iran သင်္ဘော ကန်စောင့်ကြည့်


Yemen ရေပိုင်နက်ရောက် Iran သင်္ဘော။
Yemen ရေပိုင်နက်ရောက် Iran သင်္ဘော။

ယီမင်နိုင်ငံ ရှီယာ ဟူသီသူပုန်တွေအတွက် လက်နက်တွေတင်ဆောင်လာဟန်ရှိတဲ့ အီရန်ကုန်တင်သင်္ဘောတစင်းဟာ ယီမင်နဲ့ ဝေးရာဆီ ခုတ်မောင်းသွားနေတယ်လို့ အမေရိကန် စစ်အရာရှိကြီးတဦးက ပြောကြားလိုက်ပါတယ်။ အမည်မဖော်လိုတဲ့ အဲဒီအရာရှိက ဒါဟာ ကောင်းတဲ့ အလားအလာ ဖြစ်ပေမဲ့ သူတို့အနေနဲ့ အဲဒီသင်္ဘောကို ဆက်လက် စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။

ယီမင်နိုင်ငံက ရှီယာ ဟူသီတွေကို အီရန်နိုင်ငံက လက်နက်ထောက်ပံ့တဲ့ အထောက် အထားတွေ တွေ့ရတယ်လို့ အမေရိကန်အစိုးရက ပြောထားတာပါ။ အမေရိကန် ကာကွယ်ရေးဌာနကတော့ အေအင် ပင်လယ်ကွေ့ ရေကြောင်းလမ်း ဆက်လက် ပွင့်နေစေဖို့ အတွက် ယီမင်ရေပိုင်နက်ထဲ စစ်သင်္ဘောတွေ အများအပြား ချထားပါတယ်။ အမေရိကန် စစ်သင်္ဘောတွေဟာ အီရန်သင်္ဘောတွေကို ကြားဖြတ် ဟန့်တားဖို့ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဆော်ဒီအာရေးဘီးယားနိုင်ငံအနေနဲ့ ယီမင်မှာ လေကြောင်းတိုက်ခိုက်မှုကို တရားဝင် ရပ်ဆိုင်းပေမဲ့ လိုအပ်ရင်တော့ ပြန်တိုက်မယ်လို့ဆိုပြီး ကြာသပတေးနေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

XS
SM
MD
LG