သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်စစ်တပ် သူပုန်တွေကို လေကြောင်းထိုးစစ်ဆင်


Tikrit မြို မြေပုံ
Tikrit မြို မြေပုံ

အီရတ်နိုင်ငံနဲ့ ဆီးရီးယားနယ်စပ်မှာ Islamic နိုင်ငံတော်တစ်ခု ထူထောင်ပါတယ်ဆိုပြီး ကြေညာထားတဲ့ ဆူနီစစ်သွေးကြွတွေရဲ့ ထိန်းချုပ်မှုအောက်ကနေ မြောက်ပိုင်းက တီကရစ်မြို့ ပြန်လည်ရရှိဖို့ Iraq စစ်လေယာဉ်တွေ ညလုံးပေါက် တိုက်ခိုက်နေခဲ့ကြပါတယ်။

အီရတ် အစ္စလမ်မစ်နိုင်ငံတော်နဲ့ the Levant ISIL စစ်သွေးကြွတွေ ဇွန်လအစပိုင်းကတည်းက သိမ်းယူခဲ့တဲ့ မြို့အများအပြားထဲ အပါအဝင်ဖြစ်တဲ့ တီကရစ်မြို့မှာ တနင်္လာနေ့မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်။ Islam ဘာသာကို သစ္စာရှိတဲ့ မူဆလင်တွေရဲ့ အချုပ်အခြာအာဏာပိုင်စိုးတဲ့ နိုင်ငံတော်သစ်ရဲ့ ခေါင်းဆောင်ဟာ သူတို့ရဲ့ အကြီးအကဲ Abu Bakr al-Baghdadi ဖြစ်တယ်လို့ ISIL အဖွဲ့က တနင်္ဂနွေနေ့မှာပဲ အင်တာနက်ပေါ်မှာ ကြေညာသွားတာပါ။

ပထမကမ္ဘာစစ်နောက်ပိုင်းမှာ နိဂုံးချုပ်သွားတဲ့ အော်တိုမာန်အင်ပါယာ အစိုးရကို ရည်ညွှန်းတဲ့အနေနဲ့ အဲဒီ အစ္စလမ်နိုင်ငံတော်သစ်ဆိုတဲ့ အသုံးကို သုံးခဲ့ကြတာပါ။ ISIL အဖွဲ့ဟာ တချိန်ကတော့ အီရတ်က အယ်လကိုင်းဒါး ကွန်ယက်နဲ့ ဆက်စပ်မှုရှိပေမယ့် အစ္စလမ်နိုင်ငံတော်သစ် ထူထောင်ချင်တာနဲ့ အမိန့်သွေဖီခဲ့တာတွေကြောင့် အယ်လကိုင်းဒါးက ISIL အဖွဲ့ကို ဒီနှစ်အစပိုင်းမှာ စွန့်ပစ်ခဲ့တာပါရှင်။

XS
SM
MD
LG