သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fallujah ဖလူဂျာမြို့ al-Qaida တို့သိမ်းပိုက်


Falluhah မြို့အတွင်း မီးလောင်နေတဲ့ ရဲကားဘေးမှာ အယ်ကိုင်းဒါး တိုက်ခိုက်ရေးသမားတွေ ကင်းလှည့်နေစဉ်။
Falluhah မြို့အတွင်း မီးလောင်နေတဲ့ ရဲကားဘေးမှာ အယ်ကိုင်းဒါး တိုက်ခိုက်ရေးသမားတွေ ကင်းလှည့်နေစဉ်။
ရက်တွေနဲ့ချီ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် အီရတ်နိုင်ငံ Fallujah မြို့ကို အယ်လ်ခိုင်းဒါး စစ်သွေးကြွတွေက သိမ်းယူခဲ့တဲ့အကြောင်း မတည်မငြိမ် ဖြစ်နေတဲ့ အီရတ်နိုင်ငံ Anbar ပြည်နယ်ထဲက အီရတ်ရဲတပ်ဖွဲ့နဲ့ သူပုန်တွေက ပြောပါတယ်။

အီရတ်နဲ့ ဆီးရီးယား နှစ်နိုင်ငံစလုံးမှာ လှုပ်ရှားနေကြတဲ့ အယ်လ်ခိုင်းဒါးနဲ့ ဆက်စပ်အဖွဲ့ Islamic State of Iraq and Syria (ISIS) က ရဲတပ်ဖွဲ့တွေကို မြို့ထဲကနေ တိုက်ထုတ် ခဲ့တာ ဖြစ်ပါတယ်။ အစိုးရတပ်ဖွဲ့တွေ အနေနဲ့ အယ်လ်ခိုင်းဒါး စစ်သွေးကြွတွေကို အပြီးပိုင် ချေမှုန်းနိုင်တဲ့အချိန်အထိ Anber ပြည်နယ်ကနေ ဆုတ်ခွာသွားမှာ မဟုတ်ဘူးလို့ အီရတ်ဝန်ကြီးချုပ် Nouri al-Maliki က ပြောပါတယ်။

Anbar ဒေသခံပြည်သူတွေဟာလည်း အစိုးရတပ်ဖွဲ့တွေ ဘက်ကနေ ရပ်တည်နေတဲ့အကြောင်း ဝန်ကြီးချုပ်က ပြောသွားပါတယ်။ Baghdad မြို့ကနေ အနောက်ဘက် ၃၇ မိုင်လောက်ပဲဝေးတဲ့ Fallujah မြို့ထဲက အစိုးရ အဆောက်အဦးတွေမှာ အယ်လ်ခိုင်းဒါးအဖွဲ့တွေက သူတို့ရဲ့အလံတွေ သောကြာနေ့က လွှင့်ထူပြီး လွတ်လပ်တဲ့ အစ္စလာမ်ပြည်နယ်အဖြစ် ကြေညာခဲ့ကြပါတယ်။

အဲဒီနေ့နှောင်းပိုင်းမှာ လျှပ်စစ်မီးတွေကိုလည်း သူတို့က ဖြတ်တောက်လိုက်ပြီး ဒေသခံတွေကိုလည်း မီးစက်တွေ မသုံးကြဖို့ အမိန့်ပေးခဲ့တဲ့အကြောင်း မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဌာနကတော့ ISIS အဖွဲ့ဟာ Fallujah မြို့နဲ့ Anbar ပြည်နယ်မြို့တော် Ramadi မြို့တွေမှာ အရပ်သားတွေအပေါ် ရက်ရက်စက်စက် ပြုကျင့်တာတွေ ရှိနေတယ်လို့ ဆိုပြီး အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒီအဖွဲ့ကို ပုန်ကန်နေတဲ့ မျိုးနွယ်စုတွေကို ဖြစ်နိုင်ခြေ နည်းလမ်းပေါင်းစုံသုံးပြီး ထောက်ပံ့ ကူညီသွားမယ့်အကြောင်း ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG