သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ် ခရစ်ယာန် ဘုရားကျောင်း တိုက်ခိုက်မှု လူ ၅၂ ဦး သေဆုံး

အီရတ် ခရစ်ယာန် ဘုရားကျောင်း တိုက်ခိုက်မှု လူ ၅၂ ဦး သေဆုံး
အီရတ် ခရစ်ယာန် ဘုရားကျောင်း တိုက်ခိုက်မှု လူ ၅၂ ဦး သေဆုံး

မနေ့ညက အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်က ခရစ်ယာန် ဘုရားကျောင်း တကျောင်းကို စစ်သွေးကြွတွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အီရတ် လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ပစ်ခတ်ကြရင်း အနည်းဆုံး လူ ၅၂ ဦး သေဆုံးခဲ့ပါတယ်။

အဲဒီအထဲမှာ ဘုရားဝတ်ပြုနေသူ ၃၀ ထက် မနည်းလည်း ပါသွားခဲ့ပါတယ်။ ဒဏ်ရာရတဲ့သူကတော့ ၇၀ လောက် ရှိတယ်လို့ ဆိုပါတယ်။

သေဆုံးသွားသူတွေထဲက ဘယ်နှစ်ယောက်ဟာ စစ်သွေးကြွတွေ လက်ချက်ကြောင့် သေဆုံးခဲ့ရတယ်၊ ဘယ်နှစ်ယောက်ဟာ အီရတ် လုံခြုံရေးတပ်တွေ ကယ်ဆယ်ဖို့သွားရင်း စစ်သွေးကြွတွေနဲ့ ထိပ်တိုက်တွေ့ရာက သေဆုံးခဲ့ရတယ် ဆိုတာကိုတော့ သေသေချာချာ မသိရသေးပါဘူး။

ဒီတိုက်ခိုက်မှုဟာ အီရတ် အခြေစိုက် Islamic State of Iraq ခေါ် အယ်လ်ကိုင်းဒါးနဲ့ ဆက်နွယ်နေတဲ့ အဖွဲ့ရဲ့ လက်ချက်ဆိုပြီး သူတို့က တာဝန်ခံ ပြောဆိုခဲ့ပါတယ်။

This item is part of
XS
SM
MD
LG