သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆက်ဒမ်ဟူစိန် အကြံပေး Tariq Aziz ကွယ်လွန်


ဆက်ဒမ်ဟူစိန် အကြံပေး Tariq Aziz ။
ဆက်ဒမ်ဟူစိန် အကြံပေး Tariq Aziz ။

အီရတ် အာဏာရှင်ဟောင်း Saddam Hussein ရဲ့ အယုံကြည်ရဆုံး အကြံပေး ပုဂ္ဂိုလ် တဦးဖြစ်သူ အသက် (၇၉)နှစ်အရွယ် Tariq Aziz ကွယ်လွန် သွားပြီလို့ အီရတ်အစိုးရ တာဝန်ရှိသူတွေကပြောပါတယ်။ သူရဲ့ကျန်းမာရေး အလွန်ဆိုးရွားနေ တာကြောင့်ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။ Saddam Hussein အစိုးရ လက်ထက် တုန်းက Aziz ဟာ ဒုဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သလို Saddam Husseinရဲ့ အယုံကြည်ရဆုံး အကြံပေးပုဂ္ဂိုလ်တွေထဲက တဦးဖြစ်ခဲ့ပါတယ်။

အီရတ်မှာရှိတဲ့ ရှီအိုက်တွေကို ညှမ်းပန်းနှိပ်စက်ရာမှာ ပါဝင်ခဲ့သူတဦးအဖြစ် Tariq Aziz ကို ၂၀၁၀ပြည့်နှစ်မှာ သေဒဏ် ချမှတ်ခဲ့ပေမယ့် ကွက်မျက်ခြင်း မခံခဲ့ရပါဘူး။ ဒါအပြင် အခြားရာဇဝတ်မှုတွေအတွက် လည်း သူဟာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

ခရစ်ယာန် ဘာသာဝင် Aziz ဟာ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ၁၉၈၃ခုနှစ်မှာ တာဝန်ထမ်းဆောင်ခဲ့သလို၁၉၉၁ခုနှစ် Saddam Hussein အစိုးရလက်ထက်မှာ ဒုဝန်ကြီးချုပ်ရာထူးခန့်အပ်ခံခဲ့ရပြီး နိုင်ငံတကာမှာ လူသိများတဲ့ အီရတ်ဝန်ကြီးတဦးဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG