သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ် အသေခံဗုံးခွဲမှု ၁၈ ဦး သေဆုံး


အီရတ် အသေခံဗုံးခွဲမှု ၁၈ ဦး သေဆုံး

အီရတ်နိုင်ငံ ဘက်ဂဒက်မြို့က ရဲသင်တန်းကျောင်းကို အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး ၁၈ ယောက် သေဆုံးပြီး၊ ၂၆ ယောက်ကျော် ဒဏ်ရာ ရသွားတယ်လို့ အီရတ် ရဲတပ်ဖွဲ့က ပြောလိုက်ပါတယ်။

ဘက်ဂဒက်မြို့အရှေ့မြောက်ပိုင်းက ရဲသင်တန်းကျောင်းမှာ တနင်္ဂနွေနေ့ တုန်းက ရဲတပ်ဖွဲ့ဝင်တွေ ဂိတ်ပေါက်က ထွက်လာကြတဲ့ အချိန်မှာ ဗုံးခွဲသမားဟာ သူ့ရဲ့ကားကို အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ အီရတ်ရဲဘက်က လာတဲ့ သတင်းတွေက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေနဲ့ ပတ်သက်ပြီးတော့ ဘက်ဂဒက် ဆေးရုံက တာဝန်ရှိသူတွေက အတည်ပြုပြောခဲ့သလို

သေဆုံးတဲ့သူတွေ အားလုံးဟာ ရဲအရာရှိတွေ နဲ့ ရဲအရာရှိလောင်းတွေ ဖြစ်တယ်လို့ ပြောပါတယ်။

အသေခံ ဗုံးခွဲသမားတွေဟာ အီရတ်နိုင်ငံတ၀ှမ်းမှာ ရှိတဲ့ လုံခြုံရေး ဂိတ်တွေနဲ့ တားထားတဲ့ အတားအဆီးတွေကို ဖြတ်ပြီး တိုက်ခိုက်တာတွေ လုပ်တာကြောင့် အီရတ်ရဲတပ်ဖွဲ့ဝင် အသစ်တွေဟာ ထပ်ခါတလဲလဲ တိုက်ခိုက်တာတွေ ခံခဲ့ရပါတယ်။

အခုလို အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တာကြောင့် အီရတ်နိုင်ငံမှာ အချိန်အနည်းငယ်ကြာ တည်ငြိမ်မှုတွေ ဖြစ်နေတာဟာ ပျက်စီးသွားခဲ့ပါတယ်။ မကြာသေးခင် သီတင်းပတ်အတွင်းကတော့ အီရတ်နိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေဟာ သိသိသာသာ လျော့ကျလာနေတာပါတယ်။

XS
SM
MD
LG