သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ပဋိပက္ခကြောင့် ကန်ရေတပ်သင်္ဘောတွေ အာရေဗျကို စေလွတ်


အမေရိကန်စစ်သင်္ဘော USS George H.W. Bush
အမေရိကန်စစ်သင်္ဘော USS George H.W. Bush
အီရတ်မှာဖြစ်နေတဲ့ ပြဿနာတွေကြောင့် အမေရိကန်ပြည်ထောင်စုက လေယာဉ်တင် စစ်သင်္ဘောတစီးကို ပင်လယ်ကွေ့ကို စေလွှတ်လိုက်ပါတယ်။ မြောက်အာရေဗျပင်လယ်မှာ ရှိနေတဲ့ USS George H.W. Bush စစ်သင်္ဘောကြီးကို ပင်လယ်ကွေ့ကိုစေလွှတ်ဖို့ ကာကွယ်ရေးဝန်ကြီး Chuck Hagel က စနေနေ့မှာ အမိန့်ပေးလိုက်တယ်လို့ Pentagon စစ်ဌာနချုပ် ပြောခွင့်ရသူ ရေတပ်ဗိုလ်ချုပ်ကြီး John Kirby က ပြောပါတယ်။

အမေရိကန်ပြည်သူတွေရဲ့ အသက်တွေ၊ အီရတ်မှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့လိုအပ်လာရင် စစ်ရေးအရ နောက်ထပ် လုပ်သင့်တာရှိရင် လုပ်ဖို့ သမ္မတအိုဘားပြောထားတဲ့အတိုင်း ခုလို အမိန့်ပေးခဲ့တာလို့ Kerby ကပြောပါတယ်။

ပဲ့ထိန်း ဒံုံးတပ်စစ်သင်္ဘောတစီးနဲ့ ပဲ့ထိန်းဒုံးခွင်း ဖျက်သင်္ဘောတစီးလည်း လေယာဉ်တင်သင်္ဘောနဲ့အတူ လိုက်ပါသွားမှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ
အီရတ်နိုင်ငံမြောက်ပိုင်းမြို့တွေကို သိမ်းပိုက်နေတဲ့ အစ္စလာမ်စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ အီရတ်လူငယ် ရာနဲ့ချီဟာ Baghdad မြို့တော်နဲ့ တခြားမြို့တွေက တပ်သား စုဆောင်းရေးစင်တာတွေမှာ သွားရောက် စာရင်းပေးနေကြပါတယ်။

အီရတ်မှာရှိတဲ့ ရှီရာမွတ်ဆလင်ခေါင်းဆောင်ကြီး
Ayatollah Ali al-Sistani ရဲ့ ဆော်သြမှုကြောင့် ခုလို လူငယ်တွေ တိုက်ခိုက်ဖို့ စာရင်းပေးနေကြတာပါ။

အီရတ်နိုင်ငံ၊ အီရတ်ပြည်သူတွေနဲ့ ဘာသာရေးအရ အထွဋ်အမြတ်ဖြစ်တဲ့ နေရာတွေကို ကာကွယ်ဖို့ အကြမ်းဖက်သမားတွေကို တိုက်ခိုက်ကြဖို့ ဘာသာရေး ခေါင်းဆောင်ကြီးရဲ့ ပြောခွင့်ရသူက အီရတ်တွေကို တိုက်တွန်းခဲ့တာပါ၊ စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ လူတိုင်းမှာ
တာဝန်ရှိတယ်လို့ သူက ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG