သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်သူပုန်တွေ မြို့အချို့ သိမ်းယူ


စစ်ဆေးရေးဂိတ်မှာပ်နေတဲ့ အီရတ် ရဲတပ်ဖွဲ့ဝင်တစ်ဦး။ (ဂျွန် ၂၂၊ ၂၀၁၄)
စစ်ဆေးရေးဂိတ်မှာပ်နေတဲ့ အီရတ် ရဲတပ်ဖွဲ့ဝင်တစ်ဦး။ (ဂျွန် ၂၂၊ ၂၀၁၄)
အီရတ်နိုင်ငံက ဆူနီသူပုန်တွေက ဆီးရီးယားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြို့တစ်မြို့နဲ့ ဂျော်ဒန်နိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြို့တစ်မြို့တို့ကို ထပ်မံသိမ်းလိုက်ပါတယ်။ ဒါဟာ သူပုန်တွေအနေနဲ့ သောကြာနေ့တုန်းက အနီးဝန်းကျင်မှာရှိတဲ့ မြို့ ၄ မြို့ကို သိမ်းပိုက်အပြီး နောက်ထပ် သိမ်းပိုက်လိုက်နိုင်တာလည်း ဖြစ်ပါတယ်။

နယ်စပ်ဖြတ်ကျော်ဂိတ် သူပုန်တွေလက်ထဲ ရောက်သွားပြီဖြစ်တဲ့အတွက် ဂျော်ဒန်နိုင်ငံကလည်း သူ့ဖက်က နယ်ခြားစောင့်တပ်တွေကို တိုးချဲ့ချထားလိုက်ပါတယ်။

အီရတ်နိုင်ငံအနောက်ပိုင်း Anbar ခရိုင်အတွင်းက Qaim ၊ Rawa ၊ Ana နဲ့ Rutba မြို့တို့ကို ISIL လို့ ခေါ်တဲ့ ဆူနီသူပုန်တွေက သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ လုံခြုံရေးတပ်ဖွဲ့တွေက ပြောပါတယ်။ al-Qaida အဖွဲ့ကနေ ခွဲထွက်လာတဲ့ ဆူနီသူပုန်တွေက အခုလို မြို့အတော်များများကို သိမ်းပိုက်လိုက်နိုင်ပြီဖြစ်တဲ့အတွက် ဆီးရီးယားနဲ့ အီရတ်အကြား သီးခြား အစ္စလာမ်မစ်နိုင်ငံ တည်ထောင်နိုင်ရေးအတွက် ရှေ့တဆင့် တိုးလာတာလည်း ဖြစ်ပါတယ်။

ဒီအတောအတွင်း ဒေသတွင်း မြို့တော် တခုဖြစ်တဲ့ Ramadi မှာ တနင်္ဂနွေနေ့က အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၆ ဦး သေဆုံးသွားခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုဟာ အီရတ် ရဲတပ်ဖွဲ့အရာရှိတဦးရဲ့ အသုဘကို လိုက်ပို့နေကြတဲ့သူတွေကို ပစ်မှတ်ထား တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။

အီရတ်နိုင်ငံမှာ သူပုန်တွေ အင်အားပိုကောင်းလာပြီး အရှေ့အလယ်ပိုင်း ဒေသတခုလုံး မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ အမေရိကန်သမ္မတ Barack Obama ကလည်း သတိပေး ပြောကြားပါတယ်။
XS
SM
MD
LG