သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စလာမ် စစ်သွေးကြွတွေ ဘဂ္ဂဒက်ကို သိမ်းဖို့ခြိမ်းခြောက်


အီရတ် Mosulမြို့ တိုက်ခိုက်မှု။
အီရတ် Mosulမြို့ တိုက်ခိုက်မှု။
အီရတ်မှာ အချက်အခြာကျတဲ့ မြို့ကြီးအတော်များများကို အစ္စလာမ် စစ်သွေးကြွတွေ ထိန်းချုပ်ခဲ့ပြီးတဲ့နောက်မှာ အီရတ်မြို့တော် ဘဂ္ဂဒက်ကို သိမ်းပိုက်မယ်လို့ အစ္စလာမစ် Sunni စစ်သွေးကြွတွေက ကြာသပတေးနေ့မှာပဲ ခြိမ်းခြောက်လိုက်ပါတယ်။ Shiite မူစလင်တွေရဲ့ ဘာသာရေး အထွဋ်အမြတ်နေရာဖြစ်တဲ့ Karbala ကိုလည်း သိမ်းပိုက်မှာဖြစ်ကြောင်း အယ်လ်ကိုင်းဒါး နဲ့ ဆက်နွယ်နေတဲ့ ISIL အဖွဲ့ ပြောခွင့်ရ ကပြောပါတယ်။

ဒါပေမဲ့ အီရတ်နိုင်ငံ မြောက်ပိုင်းက Kirkuk မြို့မှာတော့ Kurd တပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပြီလို့ Kurd တပ်ဖွဲ့တာဝန်ခံတွေက ပြောကြားခဲ့ပါတယ်။ မြို့ကြီး အတော်များများကို အစ္စလာမ် စစ်သွေးကြွတွေ သိမ်းပိုက်ခဲ့တာမို့ Shiite တွေ ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ အခက်အခဲတွေ ကြုံနေရတဲ့ အီရတ်နိုင်ငံရဲ့ အခြေအနေကို ကြာသပတေးနေ့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

အီရတ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး မြို့ဖြစ်တဲ့ Mosul ကို ISIL စစ်သွေးကြွအဖွဲ့ွ ဝင်ရောက်တိုက်ခိုက်ခဲ့တာအတွက် လုံခြုံရေးကောင်စီ က ပြင်းပြင်းထန်ထန် ဝေဖန်တဲ့ ကြေညာချက် တစောင် ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပြီး အခုလို အကြမ်းဖက်မှုတွေဟာ အီရတ်နိုင်ငံလျှောက်လှမ်းနေတဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလမ်းကို နောက်ပြန်သွားစေမယ်လို့ သတိပေးလိုက်ပါတယ်။

Mosul မှာ ချထားတဲ့ စစ်တပ် တာဝန်ခံတွေဟာ သူတို့တာဝန်ယူရမယ့် စခန်းတွေနဲ့ Mosul မြို့ကို စွန့်ခွါထွက်ပြေးခဲ့ကြတာဟာ သူတို့ပါ ဒီသိမ်းပိုက်မှုမှာ ပါဝင်ပါတ်သက်နေတာပြနေတယ်လို့ အီရတ်ဝန်ကြီးချုပ် Nouri al-Maliki က ပြောကြားခဲ့ပါတယ်။

တချိန်တည်းမှာပဲ လက်ရှိ Mosul - Tikrit နဲ့ Fallujah မြို့တွေမှာ ထိမ်းချုပ်ထားတဲ့ စစ်သွေးကြွတွေကို တိုက်ထုတ်ဖို့ အီရတ်အစိုးရရဲ့ လုပ်ဆောင်နေမှုတွေကို အကူအညီပေးနိုင်ဖို့ အတွက် အမေရိကန် ပြည်ထောင်စုက သေသေချာချာ သုံးသပ်နေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Jan Psakai ကပြောပါတယ်။
XS
SM
MD
LG