သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်သူပုန်တပ် မြို့တော်အနီးထိ တိုးလာ


အီရတ်သူပုန်တပ် လုံခြုံရေးယူ။ (ဇွန် ၁၂၊ ၂၀၁၄)
အီရတ်သူပုန်တပ် လုံခြုံရေးယူ။ (ဇွန် ၁၂၊ ၂၀၁၄)
အီရတ်နိုင်ငံက အစ္စလာမ် စစ်သွေးကြွတွေဟာ ဘဂ္ဂဒတ်မြို့မြောက်ဘက် ၅၆ မိုင်လောက်ဝေးတဲ့ ဒေသအထိ နယ်မြေ အတော်များများကို သိမ်းပိုက်ပြီးတဲ့နောက်ပိုင်း မြို့တော် ဘဂ္ဂဒတ်ဆီကို ဦးတည်လာနေကြပြီ ဖြစ်ပါတယ်။

တိုင်းပြည်မြောက်ပိုင်းက မြို့အတော်များများကို ဆူနီး မူဆလင် အီရတ် အစ္စလာမ်မစ်ပြည်ထောင်စုလို့ အမည်ပေးထားတဲ့ စစ်သွေးကြွအဖွဲ့က လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း အလျင်အမြန် သိမ်းပိုက် လိုက်တာ ဖြစ်ပါတယ်။ နောက်ဆုံး တိုက်ခိုက်မှုမှာတော့ Dhuluiyah မြို့ကို စစ်သွေးကြွတွေက သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။

သူတို့အနေနဲ့ မြို့တော် ဘဂ္ဂဒတ်နဲ့ ဘဂ္ဂဒတ်မြို့ အနောက်တောင်ပိုင်းမှာရှိတဲ့ ရှီယားမူဆလင်ဘာသာဝင်တွေရဲ့ ဘာသာရေးအရ အထွဋ်အမြတ်ထားတဲ့ Karbala မြို့တို့ကိုပါ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ အီရတ်နိုင်ငံမှာ အစ္စလာမ်ဝါဒကို အခြေခံတဲ့ အစိုးရသွပ်သွင်းနိုင်ရေးအတွက် လုပ်ဆောင်နေတဲ့ သူပုန်အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

တိုင်းပြည်အတွင်းက ရေနံကြွယ်ဝချမ်းသားတဲ့ Kirkuk ဒေသကနေ အစိုးရတပ်ဖွဲ့တွေ ထွက်ခွာသွားပြီးတဲ့နောက် Peshmerga တိုက်ခိုက်ရေးသမားတွေလို့ခေါ်တဲ့ မြောက်ပိုင်း Kurd လူမျိုးစုဒေသ လုံခြုံရေးအဖွဲ့တွေက လေဆိပ်ကို သိမ်းပိုက်ထားလိုက်ကြပြီ ဖြစ်ပါတယ်။

အီရတ်စစ်ပွဲမှာ ၉ နှစ်ကြာ အမေရိကန်တပ်ဖွဲ့တွေရဲ့ ပါဝင်မှုကို ၂၀၁၁ ခုနှစ်မှာ အဆုံးသတ်ပေးလိုက်တဲ့ သမ္မတ Barack Obama ကတော့ အီရတ်အနေနဲ့ အမေရိကန်အစိုးရရဲ့ အကူအညီကို လိုအပ်မယ့်အကြောင်းနဲ့ ဘယ်လိုနည်းနဲ့ ကူညီမယ်ဆိုတာကို သူ့အနေနဲ့ အတိအကျ မဆုံးဖြတ်ရသေးကြောင်း ပြောပါတယ်။
XS
SM
MD
LG