သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ramadi မြို့လယ် IS တွေကို အီရတ်တပ်တွေ ဝိုင်းထား


လွန်ခဲ့တဲ့ ၇ လ က IS စစ်သွေးကြွအဖွဲ့လက်ထဲ ကျရောက်သွားခဲ့တဲ့ Ramadi မြို့ကို ပြန်လည်သိမ်းပိုက်ဖို့နဲ့ IS တွေရဲ့ Caliphate အစ္စလာမ္မစ် နိုင်ငံတော် ကျုံ့သွားအောင် လုပ်ဖို့ကြိုးပမ်းရာမှာ အီရတ်တပ်ဖွဲ့တွေက မြို့ရဲ့အလယ်ရှိ IS တွေကို ဗုဒ္ဓဟူးနေ့က ဝိုင်းထားလု အခြေအနေ ရှိနေပါတယ်။

အီရတ်အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး အထူးတပ်ဖွဲ့က ဦးဆောင်တဲ့ ထိုးစစ်အဖြစ် အန်ဘာခရိုင်ရဲ့မြို့တော် ရာမာဒီ က အစိုးရရုံးဝန်းကို ဦးတည်ပြီး ဒုတိယမြောက်နေ့ တိုက်ခိုက်နေတာပါ။ IS စစ်သွေးကြွ တိုက်ခိုက်ရေးသမား ရာပေါင်းများစွာ အဲဒီမြို့လယ်ခေါင်မှာ အကာအကွယ်ယူပြီး နေနေကြတယ်လို့ ယူဆထားပါတယ်။

အီရတ်တပ်တွေအနေနဲ့ အစိုးရအဆောက်အဦးတွေကို သိမ်းပိုက်ဖို့ မြို့တွင်းကို ဖြည်းဖြည်းချင်း ဝင်ရောက်နေတယ်လို့ အီရတ် ဒုတိယဗိုလ်ချုပ်ကြီး Anwar Hama Amin က ပြောပါတယ်။ IS တွေ ထောင်ထားတဲ့ ဗုံးတွေ အများအပြား ရှိနေတဲ့အတွက် မြို့ကိုပြန်သိမ်းဖို့ ကြိုးပမ်းမှုက နှေးကွေးနေပေမဲ့ အစိုးရ အဆောက်အဦးတွေ ရှိတဲ့နေရာကို ထိန်းချုပ်နိုင်ပြီဆိုရင် Ramadi မြို့ရဲ့ ကျန်နေရာတွေကို ပြန်သိမ်းဖို့ လွယ်သွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဒေသခံသတင်းထောက် Raad Khashi ကတော့ IS အဖွဲ့ တိုက်ခိုက်ရေးသမားတွေဟာ အရပ်သားတွေကို လူသားဒိုင်းတွေအဖြစ် အသုံးပြုပြီး အကာအကွယ်ယူနေကြတယ်လို့ ပြောပါတယ်။

လူတော်တော်များများကတော့ ထွက်ပြေး လွတ်မြောက်ကြပေမဲ့ ထွက်မပြေးနိုင်သူတွေကိုတော့ IS တွေက Ramadi မြို့တွင်းမှာရှိတဲ့ သူတို့ ပစ်မှတ်တွေကို အီရတ်တပ်ဖွဲ့တွေနဲ့ နိုင်ငံတကာ ညွန့်ပေါင်းတပ်တွေရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ မလုပ်နိုင်အောင် အကာအကွယ်အဖြစ် အသုံးပြုထားတယ်လို့ သူက ပြောပါတယ်။

XS
SM
MD
LG