သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံလုံခြုံရေး တာဝန်ယူရန် အီရတ်တပ်တွေ အသင့်ဖြစ်ပြီ


နိုင်ငံလုံခြုံရေး တာဝန်ယူရန် အီရတ်တပ်တွေ အသင့်ဖြစ်ပြီ

အမေရိကန်နိုင်ငံက သူ့ရဲ့တပ်တွေကို အီရတ်နိုင်ငံမှာ ဆက်ပြီးထားရှိဖို့ လိုလားတယ်လို့ အမေရိကန် သတင်းစာတစောင်က ပြောလိုက်တဲ့ တချိန်တည်းမှာပဲ အီရတ်တပ်တွေ အနေနဲ့ တိုင်းပြည်ရဲ့ လုံခြုံရေးကို ဆက်ထိန်းသွားဖို့ ပြင်ဆင်နေတယ်လို့ အီရတ်ဝန်ကြီးချုပ် နိုရီအယ်လ် မလိခီ က အမေရိကန် စစ်ဘက် ထိပ်တန်းတပ်မှူးကြီးကို ပြောလိုက်ပါတယ်။

အီရတ်တပ်တွေဟာ သူတို့ရဲ့ တာဝန်တွေကို တာဝန်ယူ ထမ်းဆောင်နိုင်စွမ်း ရှိတယ်လို့ ၀န်ကြီးချုပ် မလိခီက အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလန်ကို ပြောကြားခဲ့တယ်လို့ အီရတ် ၀န်ကြီးချုပ်ရဲ့ အင်တာနက် ၀က်ဆိုက်မှာ ကြာသပတေးနေ့ နှောင်းပိုင်းက ဖော်ပြထားပါတယ်။

အမေရိကန်က အီရတ်နိုင်ငံမှာ ကျန်ရှိနေတဲ့ သူ့ရဲ့တပ်တွေကို ဒီနှစ်ကုန်မှာ အဲဒီကနေ ပြန်ရုပ်သိမ်းဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အီရတ်အစိုးရဘက်က တောင်းဆိုခဲ့မယ်ဆိုရင် အမေရိကန်ဘက်က အီရတ်နိုင်ငံမှာ ဆက်ထားသွားဖို့ လိုလားတယ်လို့ အမေရိကန် စစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။

အမေရိကန်နဲ့ အီရတ်တာဝန်ရှိသူတွေဟာ အီရတ်နိုင်ငံမှာ အမေရိကန် တပ်ဖွဲ့ဝင် တသောင်းကို သတ်မှတ်ထားတဲ့အချိန်ထက် ကျော်ပြီးထားဖို့အတွက် ဆွေးနွေးနေတယ်လို့ The Wall Street ဂျာနယ် သတင်းစာကြီးက ဆိုထားတာဖြစ်ပါတယ်။

သောကြာနေ့က ထုတ်လိုက်တဲ့သတင်းထဲမှာ အမေရိကန်တပ်တွေ အတိုင်းအတာတခုအထိ ရှိနေဦးမယ်ဆိုရင် အီရတ်နိုင်ငံရဲ့ လုံခြုံရေးကို အကူအညီပေးနိုင်ပြီး အီရတ်နိုင်ငံအပေါ် အီရန်နိုင်ငံရဲ့ လွှမ်းမိုးမှုတွေ မရှိအောင် ထိန်းထားနိုင်မှာဖြစ်တယ်လို့လည်း အဲဒီမှာရှိတဲ့ အမေရိကန် တာဝန်ရှိသူတွေက ယုံကြည်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG