သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ramadi ပြန်သိမ်းနိုင်ဖို့ စစ်ဆင်ရေးစတင်


Ramadi, Iraq
Ramadi, Iraq

အီရတ်နိုင်ငံမှာ IS စစ်သွေးကြွတွေ ပြီးခဲ့တဲ့သီတင်းပတ်က သိမ်းပိုက်ခဲ့တဲ့ Anbar နယ်ရဲ့မြို့တော် Ramadi ကို ပြန်လည်သိမ်းယူနိုင်ဖို့ အီရတ်စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေကို Ramadi မြို့ဘက်ကို ဦးတည်ပြီး ဖြန့်ချထားပါတယ်။

မေလလယ်ထဲကစလို့ စစ်သွေးကြွတွေဘက်က မြို့တွေကို ရှေ့တိုးသိမ်းပိုက်နေတာကြောင့် ဆီးရီးယား၊ ဂျော်ဒန်နဲ့ Saudi Arabia နိုင်ငံတွေနဲ့ နယ်နိမိတ် ထိဆက်နေတဲ့ Anbar နယ်ရဲ့ အနောက်ဘက်ဒေသကြီးရဲ့ အနာဂတ် မရေမရာဖြစ်နေပါတယ်။

Ramadi မြို့အပြင်၊ IS စစ်သွေးကြွ အခိုင်အမာ ခြေကုပ် ယူထားတဲ့ Mosul မြို့နဲ့ Beiji မြို့ ရေနံချက်စက်ရုံရှိရာနားတွေအပေါ် ပစ်မှတ်ထားပြီး နိုင်ငံတကာ ပူးပေါင်းတပ်တွေက ညလုံးပေါက်လေကြောင်း တိုက်ခိုက်မှု ၂၂ ကြိမ်လုပ်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

ဆီးရီးယားနိုင်ငံမှာလည်း လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ်လုပ်ခဲ့ပါတယ်။ မကြာခင်ရက်ပိုင်းကပဲ IS စစ်သွေးကြွတွေ သိမ်းပိုက်ထားတဲ့ Palmyra မြို့ထဲက လေယာဉ်ပစ်လက်နက်ကြီးစနစ်တွေကို ဗုံးကြဲဖျက်ဆီးနိုင်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ IS စစ်သွေးကြွတွေအပေါ် အမေရိကန်ဦးဆောင်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ထိရောက်ရဲ့လားလို့ အီရတ် ဒုတိယသမ္မတ Ayad Allawi က မေးခွန်းထုတ်ခဲ့ပါတယ်။ စစ်သွေးကြွအဖွဲ့ အင်အားတိုးလာနေတာကို လေကြောင်းတိုက်ခိုက်မှုတွေက အောင်မြင်အောင် မတားနိုင်ဘူးဆိုတာ မြင်နေရတဲ့အတွက် မဟာဗြူဟာတခု ရေးဆွဲဖို့ အီရတ်ခေါင်းဆောင်တွေကို တောင်းဆိုထားတယ်လို့ အီရတ်ဒုသမ္မတက ဂျော်ဒန်နိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဆွေးနွေးပွဲမှာ သောကြာနေ့က ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG