သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ကြိုးမိန့်ပေးခံရ


အီရတ် နိုင်ငံခြားရေး ၀န်ကြီးဟောင်း ကြိုးမိန့်ပေးခံရ

အီရတ်နိုင်ငံက အာဏာရှင် ဆက်ဒမ် ဟူစိန် (Saddam Hussein) လက်ထက်မှာ ထင်ရှားတဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ အရင် နိုင်ငံခြားရေး ၀န်ကြီးဟောင်း တာရစ် အဇစ်စ် (Tariq Aziz) ကို သေဒဏ် ကြိုးပေးကွပ်မျက်ဖို့ အမိန့်ချမှတ်လိုက်ပါတယ်။

မစ္စတာ အဇစ်စ်ဟာ ရှီယာ နိုင်ငံရေး ပါတီဝင်တွေကို ရက်ရက်စက်စက် ချေမှုန်းရာမှာ ပါဝင်ခဲ့တဲ့အတွက် အီရတ် ရာဇ၀တ်မှု တရားရုံးက အင်္ဂါနေ့မှာ ကြိုးမိန့် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိဝန်ကြီးချုပ် နူရီ အယ်လ် မာလီကီ (Nouri al-Maliki) ရဲ့ အစ္စလာမ်မစ် ဒါဝါပါတီက ခေါင်းဆောင်တွေကို သတ်ဖြတ်မှုနဲ့ အကျဉ်းချထားမှုတွေမှာ ပါဝင်ကူညီမှုနဲ့ သူ့ကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ အဇစ်စ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေထဲမှာ အခု သေဒဏ် ပြစ်ဒဏ် ကျခံရမှုဟာ ပထမဆုံးဖြစ်ပြီး သူဟာ ၁၉၉၂ ခုနှစ် ကုန်သည် ၄၂ ဦးကို သတ်ဖြတ်မှုနဲ့ ၁၅ နှစ် ထောင်ဒဏ် ကျခံခဲ့ရပါတယ်။ ဒါ့အပြင် အီရတ်နိုင်ငံ မြောက်ပိုင်းက ကာ့ဒ်တိုင်းရင်းသားတွေကို အဓမ္မ နေရာရွှေ့ပြောင်းခဲ့မှုတွေကြောင့် နောက်ထပ် ထောင်ဒဏ် ၇ နှစ် ကျခံဖို့ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

မစ္စတာ အဇစ်စ်ကတော့ သူ့အနေနဲ့ ပြစ်မှု တစုံတရာကို ကျူးလွန်ခဲ့ခြင်း မရှိဘဲ သူ့ရဲ့လုပ်ရပ်တွေဟာ အုပ်ချုပ်သူကို သစ္စာစောင့်သိတဲ့ အနေနဲ့သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

XS
SM
MD
LG