သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အကြံပြုတဲ့ အရေးပေါ်အစိုးရဖွဲ့ရေး အီရတ်ဝန်ကြီးချုပ် ပယ်ချ


Members of the Iraqi security forces take their positions during an intensive security deployment west of Baghdad, June 24, 2014.
Members of the Iraqi security forces take their positions during an intensive security deployment west of Baghdad, June 24, 2014.

ဆူနီ အစ္စလာမ်စစ်သွေးကြွတွေကို နှိမ်နင်းရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် အရေးပေါ် အစိုးရတရပ် ဖွဲ့စည်းဖို့ တိုက်တွန်းချက်ကို အီရတ်ဝန်ကြီးချုပ် Nouri al-Maliki က ပယ်ချလိုက်ပါတယ်။ ဒီလို လုပ်ဆောင်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်တာ၊ ဧပြီလ ၃၀ လွှတ်တော် ရွေးကောက်ပွဲတွေ ရဲ့ ရလဒ်ကို ဆန့်ကျင်တာ ဖြစ်တယ်လို့ ဒီကနေ့ ရုပ်မြင်သံကြားကနေ ပြောကြားတဲ့ မိန့်ခွန်းမှာ မစ္စတာ Maliki က ပြောသွားတာပါ။

ရွေးကောက်ပွဲလွန် အစိုးရတရပ်ကို ဇူလိုင်လ ၁ ရက်နေ့ နောက်ဆုံး သတ်မှတ်ရက်အမီ စတင် ဖွဲ့စည်းသွားမယ့်အကြောင်း အီရတ် ခေါင်းဆောင်တွေက သူ့ကို ကတိပေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က တနင်္လာနေ့က ပြောဆိုခဲ့တာပါ။ အမေရိကန် သမ္မတ အိုဘားမားနဲ့ ဝန်ကြီး ကယ်ရီ တို့ နှစ်ဦးစလုံးက အီရတ်မှာ ဆူနီနဲ့ ကာ့ဒ် လူနည်းစုတွေပါ ပါဝင်တဲ့ အစိုးရတရပ် ဖွဲ့စည်းဖို့ အီရတ်ခေါင်းဆောင်တွေကို တိုက်တွန်းနေတာ ဖြစ်ပါတယ်။

မစ္စတာ Maliki ဦးဆောင်တဲ့ အီရတ်အစိုးရဟာ လူနည်းစုတွေကို ချန်လှပ်ထားပြီး ဂိုဏ်းဂဏစွဲ တင်းမာမှုတွေဖြစ်အောင် လုပ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒီကနေ့ သူ့ရဲ့ မိန့်ခွန်းမှာတော့ မစ္စတာ Maliki က အားလုံး ညီညွတ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။ al-Qaida အဖွဲ့ခွဲတခုဖြစ်တဲ့ ISIL စစ်သွေးကြွအဖွဲ့တွေဟာ အီရတ်နိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်း ဒေသတွေကို ဒီရက်ပိုင်းတွေတွင်း ဆက်တိုက် သိမ်းယူလာနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG