သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ရာမာဒန်ကာလ အသေခံဗုံးခွဲမှု ၃၈ ဦးသေဆုံး


အီရတ်နိုင်ငံမြောက်ပိုင်း ကာကက် (Kirkuk) မြို့က လက်ဖက်ရည်ဆိုင်တခုမှာ အသေခံဗုံးခွဲသမားတယောက်က သောကြာနေ့နှောင်းပိုင်းမှာ ဖောက်ခွဲခဲ့လို့ ၃၈ ယောက်သေဆုံးပြီး ၂၆ ယောက်ဒဏ်ရာရသွားခဲ့ပါတယ်။ ရာမာဒန် ဥပုဒ်ထွက်ချိန် စားသောက်နေကြတုန်း ဂင်တိုတိုနဲ့လူတယောက်က အလာအရှင်မြတ်သာလျှင် အကြီးမြတ်ဆုံးလို့ အော်ကာ ဆိုင်ထဲဝင်လာပြီး အသေခံဖောက်ခွဲခဲ့တာဖြစ်တယ် လို့ မျက်မြင်တယောက်က ပြောပါတယ်။

ခုလို သောကြာနေ့က ပေါက်ကွဲမှုနဲ့ပါဆိုရင် ပြီးခဲ့တဲ့ ၂ ရက်အတွင်း အီရတ်မှာ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသူဟာ ၆၀ လောက်ရှိနေပါတယ်။ ဆူနီနဲ့ ရှီရာ မူဆလင်ဘာသာရေး ခေါင်းဆောင်တွေဟာလည်း ဘက်ဂဒက် (Baghdad) မြို့တော်မှာ သောကြာနေ့တုန်းက ပူးတွဲ ဝတ်ပြုပွဲလုပ်ခဲ့ကြပြီး အကြမ်းဖက်မှုတွေ အဆုံးသတ်ကြဖို့ ညီညွတ်ကြဖို့ တောင်းဆိုခဲ့ပါတယ်။


ရှီရာ မူဆလင်အများစုပါတဲ့ အီရတ်အစိုးရဟာ ဆူနီမူဆလင်တွေရဲ့ လိုအပ်ချက်တွေကို လှစ်လျူရှုထားပြီး နိုင်ငံရေးမှာလည်း ဘေးဖယ်ထားတယ် လို့ ပြောနေကြပါတယ်။
XS
SM
MD
LG