သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်လေကြောင်းတိုက်ခိုက်မှု ၃၀ ကျော်သေဆုံး


လူမျိုးနွယ်စု တိုက်ခိုက်ရေးသမားတွေနဲ့ အစိုးရတပ်ဖွဲ့တွေ ပူးပေါင်းပြီး Falluja မြို့လမ်းတွေမှာ ကင်းလှည့်နေစဉ်။ (ဇန်နဝါရီ ၅၊ ၂၀၁၄)
လူမျိုးနွယ်စု တိုက်ခိုက်ရေးသမားတွေနဲ့ အစိုးရတပ်ဖွဲ့တွေ ပူးပေါင်းပြီး Falluja မြို့လမ်းတွေမှာ ကင်းလှည့်နေစဉ်။ (ဇန်နဝါရီ ၅၊ ၂၀၁၄)
အီရတ်နိုင်ငံတောင်ပိုင်း မြို့နှစ်မြို့ကို သိမ်းယူထားတဲ့ အယ်လ်ခိုင်းဒါးနဲ့ ဆပ်စက်နေတဲ့ စစ်သွေးကြွအဖွဲ့နဲ့ အစိုးရတပ်ဖွဲ့တွေကြား တိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၃၄ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး ၅၈ ယောက် ဒဏ်ရရှိခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ အစိုးရတပ်ဖွဲ့တွေက Ramadi မြို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အကြောင်း အီရတ်အစိုးရ အရာရှိတွေက ပြောပါတယ်။ ဒါပေမဲ့ Fallujah မြို့မှာတော့ စနေနေ့ နှောင်းပိုင်းက တိတ်ဆိတ်နေတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆူနီ မူဆလင်လိုလားသူ အယ်လ်ခိုင်းဒါးကို ထောက်ခံတဲ့ စစ်သွေးကြွတွေဟာ Ramadi နဲ့ Fallujah မြို့ နှစ်မြို့စလုံးကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သိမ်းယူခဲ့တာပါ။ သူတို့ဟာ အစိုးရတပ်ဖွဲ့တွေ ဝင်လာလို့မရအောင် ဟန့်တားထားပြီး စစ်သွေးကြွတွေကို ဆန့်ကျင်တဲ့ ဆူနီမူဆလင်တွေ အပါအဝင် လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ မဟာမိတ် ပြုထားတာဖြစ်ပါတယ်။

အစိုးရတပ်ဖွဲ့တွေ ဒီမြို့ နှစ်မြို့ကို ပြန်လည် သိမ်းယူနိုင်ဖို့ ရက်အနည်းငယ် အချိန် ယူရလိမ့်မယ်လို့ Anbar ပြည်နယ် စစ်တပ်ကို ဦးဆောင်နေသူ ဒုတိယဗိုလ်ချုပ်ကြီး Rasheed Fleih က ပြောပါတယ်။ ဒီအတောအတွင်း တနင်္ဂနွေနေ့ကပဲ Baghdad မြို့မှာ ဖြစ်ပွားခဲ့တဲ့ ကားဗုံးထောင် ပေါက်ကွဲမှုအတွင်း လူ ၁၉ ယောက်ထက်မနည်း သေဆုံး ခဲ့ရပါတယ်။

ပြီးခဲ့တဲ့နှစ်ကတည်းကစလို့ အီရတ်နိုင်ငံမှာ ရှီအာမူဆလင်တွေ ဦးဆောင်တဲ့ အစိုးရနဲ့ ဆူနီမူဆလင် လူနည်းစုတွေကြား အကြမ်းဖက်မှုတွေအတွင်း လူတွေ ထောင်နဲ့ချီ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။
XS
SM
MD
LG