သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်ဒုက္ခသည် ကယ်ဆယ်ရေး အစီအစဉ်မှာ ဗြိတိန်ပါဝင်


အီရတ်မြောက်ပိုင်းက တောင်တန်းတွေပေါ်မှာ အစ္စလာမ်မစ်သူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ပိတ်မိနေတဲ့ ထောင်နဲ့ချီတဲ့ ရာဇဒီး မျိုးနွယ်စုတွေနဲ့ အခြားဘာသာရေး လူနည်းစုတွေကို ကယ်ဆယ်ဖို့ နိုင်ငံတကာက စီစဉ်ဆောင်ရွက်နေပြီလို့ ဗြိတိန်ဝန်ကြီးချုပ် David Cameron က ပြောပါတယ်။

အီရတ်က Sinjar တောင်တန်းနေရာတွေ လူသားချင်း စာနာအကူအညီပေးရေး ကိစ္စတွေအတွက် အကြံပေးတွေနဲ့ ဆွေးနွေးညှိနှိုင်းနိုင်ဖို့ မစ္စတာ Cameron ဟာ ပေါ်တူကီနိုင်ငံကို သွားနေတဲ့ သူ့အားလပ်ရက် ခရီးစဉ်က ရုတ်ချည်းဆိုသလို လန်ဒန်ကို ဗုဒ္ဓဟူးနေ့က ပြန်ရောက်လာပါတယ်။

အီရတ်နိုင်ငံကို စစ်ရေးအရ ကျူးကျော်ဖို့ဆိုပြီး ဗြိတိန်လွှတ်တော်အမတ်အချို့ရဲ့ တောင်းဆိုမှုကိုတော့ မစ္စတာ Cameron က ပယ်ချပါတယ်။ ဒါပေမဲ့လည်း ကယ်ဆယ်ရေးအစီအစဉ်တွေ ဆောင်ရွက်ရာမှာ ဗြိတိန်အနေနဲ့ အခန်းကဏ္ဍ တရပ်ကနေ ရှိသွားမယ်လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ အဲဒီဒေသက ဒုက္ခသည်တွေအတွက် ရေတွေ၊ အစာတွေ လေကြောင်းကနေ အကူအညီ ပေးနေပါပြီ။ အဲဒီမှာ အလွန်အမင်း အပူဒဏ်ကြောင့် ဒုက္ခသည်အချို့ သေဆုံးမှုတွေ ရှိနေတာပါ။

XS
SM
MD
LG