သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

RFI Baghdad ဌာနမှူးကို သတ်သူအဖြစ် အီရတ်သမ္မတကိုယ်ရံတော်ကို စွပ်စွဲ


ရေဒီယို ဖရီးအီရတ် ဌာနမှူးရဲ့ ဈာပနာတက်ရောက်လာသူတွေက သူ့ကိုပစ်သတ်ခဲ့တဲ့ သမ္မတကိုယ်ရံတော်ကို ကွပ်မျက်ဖို့ တောင်းဆိုကြစဉ်။ (မတ် ၂၃၊ ၂၀၁၄)
ရေဒီယို ဖရီးအီရတ် ဌာနမှူးရဲ့ ဈာပနာတက်ရောက်လာသူတွေက သူ့ကိုပစ်သတ်ခဲ့တဲ့ သမ္မတကိုယ်ရံတော်ကို ကွပ်မျက်ဖို့ တောင်းဆိုကြစဉ်။ (မတ် ၂၃၊ ၂၀၁၄)
အမေရိကန်အစိုးရ ရန်ပုံငွေနဲ့လည်ပတ်နေတဲ့ Radio Free Iraq ရဲ့ Baghdad ရုံးဌာနမှူးကို သတ်ဖြတ်တယ်လို့ စွပ်စွဲခံရတဲ့ သမ္မတကိုယ်ရံတော် တပ်ဖွဲ့ဝင်တစ်ယောက်ကို ကွပ်မျက်ပေးဖို့ အီရတ်သတင်းထောက်တွေ တောင်းဆိုနေကြပါတယ်။

မိုဟာမက် ဘဒါဝီ အိုဝါအိဒ် အယ်လ်ရှမရီ (Mohammed Bdaiwi Owaid al-Shammari) ရဲ့ ရုပ်အလောင်းကို သယ်ဆောင်ပြီး ဝမ်းနည်းပူးဆွေး နေကြသူတွေဟာ ဒီကနေ့ Baghdad မြို့ထဲမှာ ချီတက်ခဲ့ကြပါတယ်။ စစ်ဆေးရေးဂိတ်မှာ ဘယ်သူ့ရဲ့ကား ရုံးပရဝုဏ်ထဲ အရင်ဝင်သင့်တယ်ဆိုတာကို သတင်းထောက် al-Shammari နဲ့ သမ္မတကိုယ်ရံတော်တစ်ယောက်တို့ စနေနေ့အစောပိုင်းက စကားများကြရာကနေ ကိုယ်ရံတော်က ပစ်သတ်ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

လောလောဆယ် အီရတ်လုံခြုံရေးတပ်တွေ ဖမ်းဆီးထားတဲ့ အဲဒီ ကိုယ်ရံတော်တပ်ဖွဲ့ဝင်ကို သေဒဏ်ပေးဖို့ အီရတ်သတင်းထောက်များအဖွဲ့ အကြီးအကဲ မူအာအိဒ် အလာမီ (Muaed Allami) ကတောင်းဆိုခဲ့ပါတယ်။ သမ္မတ Jalal Talabani ရဲ့ကိုယ်ရံတော်က သမ္မတအိမ်တော်နားက စစ်ဆေးရေးဂိတ်မှာ စောင့်နေစဉ် ခုလိုဖြစ်ခဲ့တာပါ။

လေလှိုင်းပေါ်မှာ ဟာဆန် ရာရှိဒ် (Hasan Rashid) လို့သိကြတဲ့ ၄၆ နှစ်အရွယ် သတင်းထောက် al-Shammari ဟာ ဝါရင့်သတင်းထောက်ဖြစ်ပြီး ၂၀၀၆ ခုနှစ်ကတည်းက Radio Free Iraq မှာအလုပ်လုပ်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကစပြီး သူဟာ Baghdad ရုံး ဌာနမှူးတာဝန်ကို ယူခဲ့ပါတယ်။
XS
SM
MD
LG