သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်သွေးကြွကိုတိုက်ဖို့ အီရတ်လူငယ်တွေ စာရင်းပေး


စစ်သွေးကြွတွေရန်က ကာကွယ်ပေးဖို့ ကိုယ့်သဘောနဲ့ကိုယ်စစ်မှုထမ်းဖို့ ဘဂ္ဂဒက်မှာဖွင့်ထားတဲ့ စခန်းတွေမှာ စောင့်ဆိုင်းနေကြတဲ့ အီရတ်လူငယ်များ။
စစ်သွေးကြွတွေရန်က ကာကွယ်ပေးဖို့ ကိုယ့်သဘောနဲ့ကိုယ်စစ်မှုထမ်းဖို့ ဘဂ္ဂဒက်မှာဖွင့်ထားတဲ့ စခန်းတွေမှာ စောင့်ဆိုင်းနေကြတဲ့ အီရတ်လူငယ်များ။
အီရတ်နိုင်ငံမြောက်ပိုင်းမှာ ဒီသီတင်းပတ်အတွင်း ရှေ့ဆက်ထိုးစစ်ဆင်နေတဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေကို ရင်ဆိုင် တိုက်ခိုက်ဖို့အတွက် ရာပေါင်းများစွာသော အီရတ်လူငယ်တွေဟာ ဘဂ္ဂဒက်မြို့တော်နဲ့ တခြားနေရာတွေမှာဖွင့်ထားတဲ့ စခန်းတွေ မှာ ဒီကနေ့ ကိုယ့်သဘောနဲ့ကိုယ် စာရင်းပေးသွင်းနေကြပါတယ်။

အီရတ်နိုင်ငံရဲ့ အထူးအလေးစားခံရတဲ့ ရှီးယားဘာသာရေးခေါင်းဆောင်ကြီး Ayatolla Ali al-Sistani က နှိုးဆော်လိုက်ပြီးတဲ့ နောက် လူငယ်တွေ အခုလို စာရင်းပေးသွင်းလာကြတာပါ။

ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးနဲ့ ဘာသာရေးအထွတ်အမြတ်နေရာတွေကို ကာကွယ်ဖို့အတွက် အကြမ်းဖက်သမားတွေကို ဆန့်ကျင်တိုက်ပွဲဝင်ဖို့ al-Sistani ရဲ့ ပြောရေးဆိုခွင့်ရှိသူက ကာဘာလာမြို့ဗလီတခုမှာ သောကြာနေ့က တိုက်တွန်းခဲ့တာပါ။

စစ်သွေးကြွတွေကို တိုက်ခိုက်တဲ့နေရာမှာ စစ်သားတွေကို အကူအညီပေးဖို့ လုပ်အားပေးတွေ ရောက်လာနေပြီလို့ Samarra မြို့ မှာ စစ်တပ်အရာရှိတွေကို ဝန်ကြီးချုပ် နူရီ အယ်လ်-မာလီကီက ပြောခဲ့ပါတယ်။

မြောက်ပိုင်းက မိုဆူးလ်မြို့မှာ ကိုယ်တာဝန်ကျတဲ့နေရာကို စွန့်ခွာပြီး ဝတ်စုံတွေကို လမ်းတွေပေါ်မှာ ချွတ်ထားခဲ့ကြတဲ့ တပ်ဖွဲ့တွေ အနေနဲ့ ကိုယ့်စခန်းဆီ ပြန်ရင်ပြန်၊ မပြန်ရင် သေဒဏ်အပါအဝင် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရနိုင်တယ်လို့လည်း မစ္စတာ မာလီကီကပြောခဲ့ပါတယ်။
XS
SM
MD
LG