သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုင်ယာလန် စီးပွားရေးအတွက် ဥရောပသမဂ္ဂ ကူညီမည်


အိုင်ယာလန် စီးပွားရေးအတွက် ဥရောပသမဂ္ဂ ကူညီမည်
အိုင်ယာလန် စီးပွားရေးအတွက် ဥရောပသမဂ္ဂ ကူညီမည်

ပြဿနာဖြစ်နေတဲ့ အိုင်ယာလန်နိုင်ငံ စီးပွားရေးကို ဝင်ရောက် အကူအညီ ပေးကြဖို့ EU ဥရောပသမဂ္ဂ ဘဏ္ဍာရေး ဝန်ကြီးတွေ သဘောတူလိုက်ကြပါတယ်။

သူ့စီးပွားရေးကို ဝင်ရောက် ကျားကန်ပေးဖို့ အိုင်ယာလန်ရဲ့ အကူအညီ တောင်းခံမှုကို လက်ခံတယ်လို့ တနင်္ဂနွေနေ့က ညီလာခံတခုမှာ EU ဘဏ္ဍာရေး ဝန်ကြီးတွေက သဘောတူကြောင်း အခိုင်အမာ တုံ့ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

ဘယ်လောက် ပမာဏ အတိအကျ အကူအညီ ပေးမယ်ဆိုတဲ့ အသေးစိတ်ကို ဆွေးနွေး ညှိနှိုင်းကြရဦးမှာ ဖြစ်ပေမဲ့ အကူအညီပေးမယ့် ချေးငွေဟာ ဒေါ်လာ ၁၃၆ ဘီလီယံထက် ပိုမှာ မဟုတ်ဘူးလို့ အိုင်ယာလန်နဲ့ EU တာဝန်ရှိသူတွေက ပြောပါတယ်။

အကြီးအကျယ် အစိုးရ လိုငွေပြနေမှုကို လျှော့ချနိုင်ဖို့ တနှစ်ကို ဒေါ်လာ ဘီလီယံ ၂၀ ကျော် အသုံးစရိတ် လျှော့ချနိုင်ရေး အစီအစဉ်တွေကို သူ့ဝန်ကြီးအဖွဲ့က လုပ်နေပါတယ်လို့ အိုင်ယာလန် ဝန်ကြီးချုပ် ဘရိုင်ယန် ကိုဝန် (Brian Cowen) က ပြောပါတယ်။

အိုင်ယာလန်အစိုးရ အနေနဲ့ ငွေကြေး အကျပ်ရိုက်မှု ဖြစ်မနေသလို ၂၀၁၁ ခု နှစ်လယ်ပိုင်းအထိ အစိုးရ အသုံးစရိတ် အပြည့်အဝ ရှိပါတယ်လို့ ပြီးခဲ့တဲ့ တပတ်ကပဲ ဝန်ကြီးချုပ် ကိုဝန်က ပြောခဲ့တာပါ။

EU ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေထဲမှာ ဒီနှစ်အတွင်း ဘဏ္ဍာရေး အကူအညီတောင်းတာ အိုင်ယာလန်က ဒုတိယမြောက်နိုင်ငံ ဖြစ်ပါတယ်။ မေလတုန်းကပဲ ဂရိနိုင်ငံအတွက် EU နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့ပေါင်းပြီး ဒေါ်လာ ၁၄၅ ဘီလီယံ ချေးငွေ အကူအညီ ပေးခဲ့ရပါတယ်။

XS
SM
MD
LG